The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 48

1အို ယာကုပ် အမျိုး ၊ ဣသရေလ ဟူ၍ သမုတ် ခြင်း ကိုခံ သောသူ၊ ယုဒ စမ်းရေ တွင်းမှ ထွက် စီးသောသူ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ကျိန်ဆို သောသူ၊ သစ္စာ မ ရှိ၊ တရား နှင့် မ ညီဘဲ ဣသရေလ အမျိုး၏ ဘုရား သခင် ကို ချီးမွမ်း သောသူ၊

2သန့်ရှင်း သော မြို့ တော်အလိုက် ၊ ကိုယ်ကိုကိုယ်သမုတ် သောသူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား တည်းဟူသောဘွဲ့ နာမရှိသော ဣသရေလ အမျိုး ၏ ဘုရား သခင်ကို မှီခို သောသူတို့၊ နားထောင် ကြလော့။

3ဖြစ်ဘူးသောအရာတို့ကို အထက် က သင်တို့အား ငါဟော လေပြီ။ ထိုအရာ တို့သည် ငါ့ နှုတ် မှ ထွက် ၍ ထင်ရှား ကြပြီ။ ချက်ခြင်း ငါပြု သောကြောင့် ဖြစ် ကြပြီ။

4သင် သည် ခိုင်မာ သော သဘော ၊ သံ ချောင်း လည်ပင်း ၊ ကြေးဝါ နဖူး နှင့် ပြည့်စုံသည်ကို ငါ သိ သောကြောင့် ၊

5အထက် က သင့် အား ငါဟော ပြီ။ အမှုမ ဖြစ် မှီငါဘော်ပြ ပြီ။ သို့ဖြစ်၍သင်က၊ ငါ ၏ရုပ်တု သည် ဤအမှု ကို ပြု ပြီ။ ငါ ထုသော ရုပ်တု ၊ ငါ သွန်းသော ရုပ်တု သည် ဤအမှု ကို စီရင် ပြီဟု ပြော ရသော အခွင့်မရှိ။

6သင်သည် အရင်ကြား ရပြီ။ ဤအမှု အလုံးစုံ တို့ ကို ကြည့်ရှု လော့။ သူတပါးတို့အား မ ကြားမပြော ဘဲ နေမည်လော။ ယခု မှစ၍ အသစ် သောအရာ၊ ဝှက်ထား သောအရာ၊ သင်မ သိ သေးသော အရာ တို့ကို ငါဘော်ပြ ၏။

7ထိုအရာတို့ကို ယခု ပင် ဖန်ဆင်း ၏။ အထက် က ဖန်ဆင်းသည်မ ဟုတ်။ ယနေ့ တိုင်အောင် သင်သည် မ ကြား စဖူး။ သို့ ဖြစ်၍သင်က၊ ငါသိ နှင့်ပြီဟု ပြော ရသော အခွင့်မရှိ။

8အကယ် စင်စစ်သင်သည် မ ကြား မ သိ စဖူး။ သင် ၏ နား သည် အထက် က မ ပွင့်။ အကြောင်း မူကား၊ သင်သည် သစ္စာ ပျက်လိမ့်မည်။ ဘွား စကပင် သင့် ကို သူပုန် ဟူ၍သမုတ် ရလိမ့်မည်ကို ငါသိ ၏။

9သို့သော်လည်း၊ သင့် ကို ရှင်းရှင်းမ ပယ် မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ် နာမ အတွက် ကိုယ် အမျက် ကို ချုပ်တည်း မည်။ ကိုယ် ဂုဏ် အသရေအတွက် သင် ၏အမှု၌ ငါသည်းခံ မည်။

10ငါသည် သင့် ကို စစ် ခဲ့ပြီ။ သို့ သော်လည်း၊ ငွေ ကို စစ်သကဲ့သို့ မ ဟုတ်၊ ဒုက္ခ မိုက် ၌ သင့် ကို စုံစမ်း ခဲ့ပြီ။

11ကိုယ် အတွက် ငါပြု ဦးမည်။ ငါ့နာမသည် ရှုပ်ချ ခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ ဂုဏ် အသရေကို သူတပါး အား ငါမ ပေး။

12အိုယာကုပ် ၊ ငါ ခေါ် သော ဣသရေလ ၊ ငါ့ စကား ကို နားထောင် လော့။ ငါ သည် ဘုရား ဖြစ်၏။ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ် ၏။

13အကယ်စင်စစ်ငါ့ လက် သည် မြေ ကြီးကို တည် လေပြီ။ ငါ့ လက်ျာ လက်သည် မိုဃ်းကောင်းကင် ကို ကြက် လေပြီ။ ငါ ခေါ် ၍ သူ တို့သည် ချက်ခြင်း ပေါ် လာကြ၏။

14ရှိသမျှ သော သင် တို့၊ စည်းဝေး ၍ နားထောင် ကြလော့။ ဤ အမှုအရာတို့ကို သင် တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟော နှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသောသူသည် ဗာဗုလုန် မြို့၌ အလို တော်ကို ပြည့်စုံ စေမည်။ သူ ၏ လက် သည်လည်း ၊ ခါလဒဲ လူတို့အပေါ်သို့ ရောက်လိမ့်မည်။

15ငါ့ ကိုယ်တိုင် အမိန့် တော်ရှိပြီ။ အကယ်စင်စစ်သူ့ ကို ငါခေါ် ပြီ။ ငါဆောင် ခဲ့ပြီ။ သူ သွားသောလမ်း ၌ မင်္ဂလာ ရှိရလိမ့်မည်။

16ငါ့ ထံသို့ ချဉ်းကပ် ၍ ဤ စကားကို နားထောင် ကြလော့။ ရှေ့ ဦးစွာမှစ၍ တိတ်ဆိတ် စွာ မ ဟော။ အမှု ဖြစ် စကာလ ၌ ငါ ရှိ၏။ ယခု တွင် အရှင် ထာဝရဘုရား နှင့် ဝိညာဉ် တော်သည် ငါ့ ကို စေလွှတ် တော်မူ၏။

17သင့် ကို ရွေးနှုတ် သောသူ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင် ၏အကျိုး နှင့်ယှဉ်သော အရာကို သွန်သင် ၍၊ သင်သွား အပ်သော လမ်း ဖြင့် ပို့ဆောင် သောသင် ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

18သင်သည် ငါ ၏ပညတ် တို့ကို စောင့်ရှောက် ပါစေ သော။ သို့ပြုလျှင် ၊ သင် ၏ချမ်းသာ သည် မြစ် ကဲ့သို့ ၎င်း ၊ သင် ၏ဖြောင့်မတ် ခြင်းပါရမီသည် သမုဒ္ဒရာ လှိုင်း တံပိုးကဲ့သို့ ၎င်း ဖြစ် ရလိမ့်မည်။

19သင် ၏ အမျိုး အနွယ်သည် သဲ လုံးကဲ့သို့ ၎င်း၊ သင် ၏သား မြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့ ၎င်း ဖြစ် ရကြလိမ့်မည်။ သင် ၏နာမ သည် ငါ့ ရှေ့ မှာ မ ပြတ် ၊ မ ပျက် မစီးရ။

20ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။

21သူတို့သည် တော လမ်းဖြင့် ဆောင်သွား တော်မူခြင်း ကိုခံ သောအခါ ရေမ ငတ် ကြ။ သူ တို့အဘို့ ကျောက် ထဲက ရေ ကို စီး စေတော်မူ၏။ ကျောက်ခဲ ကိုပင် ခွဲ တော်မူသဖြင့် ၊ ရေ သည် စီး ထွက်လေ၏။

22မတရား သောသူတို့ ၌ ချမ်းသာ မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။

← Isaiah 47Read In The App, Free →Isaiah 49 →

Study Isaiah 48

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566