Isaiah 48:17
သင့် ကို ရွေးနှုတ် သောသူ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင် ၏အကျိုး နှင့်ယှဉ်သော အရာကို သွန်သင် ၍၊ သင်သွား အပ်သော လမ်း ဖြင့် ပို့ဆောင် သောသင် ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 3:4သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း ၊ သေတ္တာ တော်အနီးသို့ မ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။
Job 22:21ဘုရား သခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့ လော့။ ထိုသို့ပြုမှ ကောင်းစား ခြင်းသို့ ရောက် ရလိမ့်မည်။
Psalms 25:8ထာဝရဘုရား သည် ကောင်း သောသဘော၊ ဖြောင့်မတ် သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ် ရှိသောသူတို့ကို လမ်း ပြ တော်မူ၏။
Psalms 32:8သင့် ကိုငါသွန်သင် မည်။ သင် သွား ရမည့်လမ်း ကို ပြ ညွှန်မည်။ သင့် ကိုကြည့်ရှု ပြုစုမည်။ ဉာဏ် ပညာမဲ့ သော မြင်း လား ကဲ့ သို့မ ဖြစ် နှင့်။
Psalms 73:24အကျွန်ုပ် ကို ဉာဏ် ပေး၍ ပဲ့ပြင် တော်မူမည်။ နောက် တဖန် ဘုန်း အသရေ၌ သိမ်းယူ တော်မူမည်။
Isaiah 30:20ထာဝရဘုရား သည် သင့် အား ဒုက္ခ မုန့် ကို ကျွေး ၍ ၊ ဆင်းရဲ ခြင်းရေ ကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာ တို့သည် နောက် တဖန် ပုန်းရှောင် ၍ မ နေရကြ။ ကိုယ် မျက်စိ နှင့် ကိုယ် ဆရာ တို့ကို မြင် ရလိမ့်မည်။