Isaiah 48:2
သန့်ရှင်း သော မြို့ တော်အလိုက် ၊ ကိုယ်ကိုကိုယ်သမုတ် သောသူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား တည်းဟူသောဘွဲ့ နာမရှိသော ဣသရေလ အမျိုး ၏ ဘုရား သခင်ကို မှီခို သောသူတို့၊ နားထောင် ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 17:13မိက္ခါ ကလည်း ၊ ယခု မှာ လေဝိ လူသည် ငါ ၏ယဇ်ပုရောဟိတ် ဖြစ် သောကြောင့်၊ ထာဝရဘုရား သည် ငါ၌ ကျေးဇူး ပြုတော်မူမည်ကို ငါသိ သည်ဟု ဆို ၏။
Nehemiah 11:1ထိုအခါ လူ များတို့တွင် မင်း လုပ်သောသူတို့ သည် ယေရုရှလင် မြို့၌ နေ ကြ၏။ ကြွင်း သောသူတို့သည် သန့်ရှင်း သောအရပ် ၊ ယေရုရှလင် မြို့၌ တကျိပ် တွင် တယောက် ၊ အခြား သောမြို့ တို့၌ ကိုး ယောက် နေ ရမည် အကြောင်း စာရေးတံ ပြုကြ၏။
Psalms 48:1ထာဝရဘုရား သည် ကြီးမြတ် တော်မူ၏။ သန့်ရှင်း သော တောင် တော်ပေါ်မှာ ငါ တို့ဘုရား သခင်၏ မြို့ တော် တွင် အထူး သဖြင့်ထောမနာချီးမွမ်း ခြင်းကိုခံ ထိုက် တော်မူ၏။
Isaiah 10:20ထိုအခါမှစ၍၊ ဘေးလွတ် လျက် ကြွင်း သော ဣသရေလ အမျိုးနှင့် ယာကုပ် အမျိုးသား တို့သည်၊ မိမိ တို့ ကို ညှဉ်းဆဲ သောသူ၌ နောက် တဖန်မ ကိုးစား ဘဲ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစား ကြလိမ့်မည်။
Isaiah 51:13မိုဃ်းကောင်းကင် ကို ကြက် တော်မူထသော၊ မြေကြီး ကိုလည်း တည် တော်မူထသော၊ သင့် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ကို သင်သည် မေ့လျော့ ၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီး လု ပြီဟု စိတ်ထင်နှင့်၊ သူ ၏ဒေါသ အမျက်ကို အစဉ် ကြောက် ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သောသူ ၏ဒေါသ အမျက်သည် အဘယ် မှာရှိသနည်း။
Isaiah 52:1အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။