Isaiah 48:1
အို ယာကုပ် အမျိုး ၊ ဣသရေလ ဟူ၍ သမုတ် ခြင်း ကိုခံ သောသူ၊ ယုဒ စမ်းရေ တွင်းမှ ထွက် စီးသောသူ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ကျိန်ဆို သောသူ၊ သစ္စာ မ ရှိ၊ တရား နှင့် မ ညီဘဲ ဣသရေလ အမျိုး၏ ဘုရား သခင် ကို ချီးမွမ်း သောသူ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 35:10သင် သည် ယခု ယာကုပ် အမည် ရှိ၏။ နောင်၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ။ ဣသရေလ ဟူ၍ခေါ်ရမည်ဟု မိန့် တော်မူလျက် ဣသရေလ အမည် ဖြင့် သမုတ် တော်မူ၏။
Leviticus 19:12ငါ့ နာမ ကို တိုင်တည်၍ မ ဟုတ်မမှန်ဘဲ ကျိန်ဆို ခြင်းကို မ ပြုရ။ သင် ၏ ဘုရား သခင်နာမ ကို မရှုတ် မချရ။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Deuteronomy 5:28ထိုသို့ သင် တို့သည် ငါ့ အား လျှောက် သော စကား ကို ထာဝရဘုရား ကြား တော်မူ၏။ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် သင့် အား လျှောက် သော စကား သံ ကို ငါကြား ရပြီ။ လျှောက် လေသမျှ သော စကား သည် လျောက်ပတ် ပေ၏။
Deuteronomy 10:20သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ အမှုတော် ကို ဆောင်ရွက်ရမည်။ ကိုယ်တော် ၌ ဆည်းကပ် ရမည်။ နာမ တော်အားဖြင့် ကျိန်ဆို ခြင်းကို ပြုရမည်။
2 Kings 5:20ဘုရား သခင်၏လူ ဧလိရှဲ ၏ကျွန် ဂေဟာဇိ က၊ ဤ ရှုရိ လူနေမန် ဆောင် ခဲ့သော ဥစ္စာကို ငါ့ သခင် သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင် တော်မူသည်အတိုင်း ၊ သူ့ နောက် သို့ ငါလိုက် ၍ တစုံ တခုကို ယူ မည်ဟု အကြံရှိလျက်၊”
Psalms 50:16မတရား သောသူကို ကား ၊ သင် သည် ငါ ၏အထုံးအဖွဲ့ တို့ကို ကြားပြော ၍ ငါ ၏ပဋိညာဉ် တရားကို မြွက်ဆို ခြင်းငှါ အဘယ်သို့ ဆိုင်သနည်း။