Isaiah 48:20
ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 19:4ငါသည် အဲဂုတ္တု လူတို့၌ ပြု သော အကြောင်း၊ သင် တို့ကို ရွှေလင်းတ အတောင် ဖြင့် ထမ်း ၍ ကိုယ် ဘို့ သိမ်းယူ သောအကြောင်းကို သင် တို့သည် သိ မြင်ရကြပြီ။
Isaiah 12:1ထို ကာလ ၌ သင် မြွက်ဆို ရမည်ကား၊ အိုထာဝရ ဘုရား ၊ အကျွန်ုပ်သည် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ကို အမျက်ထွက် တော်မူသော်လည်း ၊ တဖန် အမျက် တော်ငြိမ်း ၍ ၊ အကျွန်ုပ် ကို နှစ်သိမ့် စေတော်မူ၏။
Isaiah 43:1ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
Isaiah 48:6သင်သည် အရင်ကြား ရပြီ။ ဤအမှု အလုံးစုံ တို့ ကို ကြည့်ရှု လော့။ သူတပါးတို့အား မ ကြားမပြော ဘဲ နေမည်လော။ ယခု မှစ၍ အသစ် သောအရာ၊ ဝှက်ထား သောအရာ၊ သင်မ သိ သေးသော အရာ တို့ကို ငါဘော်ပြ ၏။
Isaiah 52:9ယေရုရှလင် မြို့၌ ပြိုပျက် ရာအရပ်တို့၊ တညီတညွတ် တည်း သီချင်းဆို သံနှင့် ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူပြီ။ ယေရုရှလင် မြို့ကို ရွေးနှုတ် တော်မူပြီ။