Isaiah 52:9
ယေရုရှလင် မြို့၌ ပြိုပျက် ရာအရပ်တို့၊ တညီတညွတ် တည်း သီချင်းဆို သံနှင့် ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူပြီ။ ယေရုရှလင် မြို့ကို ရွေးနှုတ် တော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 96:11ကောင်းကင် သည် ဝမ်းမြောက် ခြင်းရှိစေ။ မြေကြီး သည်လည်း ရွှင်လန်း ခြင်းရှိစေ။ ပင်လယ် နှင့် ပင်လယ် တန်ဆာ သည် အသံ ဗလံကိုပြုစေ။
Psalms 102:22သန့်ရှင်း ရာ ဌာနတော်အထွဋ် က ငုံ့ ကြည့်တော်မူ၍၊ ကောင်းကင် ပေါ်က ထာဝရဘုရား သည် မြေကြီး ကို ရှုမှတ် တော်မူ၏။
Isaiah 42:10ပင်လယ် ကို ကူး သော သူမှစ၍၊ ပင်လယ် ၌ ရှိသမျှ တို့နှင့်တကွ၊ တကျွန်း တနိုင်ငံအရပ်များ၊ ထို အရပ်၌ နေ သောသူများတို့၊ ထာဝရဘုရား အား အသစ် သော သီချင်း ကိုဆို ကြလော့။ မြေကြီး စွန်း တို့မှ ဂုဏ်တော်ကို ချီးမွမ်း ကြလော့။
Isaiah 44:23အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
Isaiah 48:20ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။
Isaiah 51:3ထိုသို့နှင့်အညီ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ ၏ဆိတ်ညံ ရာအရပ် အလုံးစုံ တို့ကို ချမ်းသာပေးမည်။ သူ ၏တော ကို ဧဒင် အရပ်ကဲ့သို့ ၎င်း ၊ သူ ၏လွင်ပြင် ကို ထာဝရဘုရား ၏ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် စေတော်မူသဖြင့် ၊ ဇိအုန် မြို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်း၊ သီချင်း ဆိုခြင်း နှင့် ပြည့်စုံ လိမ့်မည်။