Isaiah 49:10
သူတို့သည် ရေစာကို မ ငတ် မ မွတ် ရ။ အပူ ကို လည်း မ ခံ ရကြ။ နေ ရောင်ခြည်မထိရ။ အကြောင်း မူကား၊ သူ တို့ကို သနား သောသူသည် သူ တို့ကို ပို့ဆောင် ၍ ၊ စမ်း ရေ တွင်းအနား သို့ လမ်းပြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
11ငါ ၏တောင် ရှိသမျှ တို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ ၏မြေတန်တား များကိုလည်း ငါဖို့ မည်။
Cross References
Psalms 121:5ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။
Isaiah 4:6နေ့ အချိန်၌လည်း နေပူ ကိုကွယ်ကာ သောတဲ ၊ မိုဃ်းသက် မုန်တိုင်း ရောက်မှ လုံခြုံသော ခိုလှုံ ရာဖြစ် လိမ့်မည်။
Isaiah 25:4ကိုယ်တော်သည် ဆင်းရဲ သောသူတို့ ခိုလှုံ ရာ၊ ငတ်မွတ် သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံ ရာဖြစ် တော်မူ၏။ ထရံ ကို တိုက်သော မိုဃ်းသက်မုန်တိုင်း ကဲ့သို့ ၊ ကြောက်မက် ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက်သောအခါ၊ မိုဃ်းသက်မုန်တိုင်းလွတ်ရာ၊ နေ ရောင်ကွယ်ကာ ရာ ဖြစ် တော်မူ၏။
Isaiah 33:16ခိုင်ခံ့ သော ကျောက် မြို့၌ ခိုလှုံ လိမ့်မည်။ ထိုသူ အား အစာ ကို အစဉ်ပေး ရလိမ့်မည်။ သောက်ရေ လည်း မပြတ် ရ။
Isaiah 40:11မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Jeremiah 31:9ငိုကြွေး လျက် လာ ကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသောထိုသူ တို့ကို ငါပို့ဆောင် မည်။ မြစ် နား မှာ ရှောက်သောလမ်း၊ ထိမိ ၍ မလဲရသော လမ်း ဖြောင့် တို့၌ ငါသွေးဆောင် မည်။ အကြောင်း မူကား၊ ငါသည် ဣသရေလ အမျိုး၏ အဘ ဖြစ် ၏။ ဧဖရိမ် အမျိုး သည် ငါ ၏ သားဦး ဖြစ်၏။