The Bible Software
bible.software › Isaiah › Isaiah 49 › Isaiah 49:6

Isaiah 49:6

သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။

မြန်မာကျမ်းစာ

In The King James Version

And he said, It is a light thing that thou shouldest be my servant to raise up the tribes of Jacob, and to restore the preserved of Israel: I will also give thee for a light to the Gentiles, that thou mayest be my salvation unto the end of the earth.

In Context

5ငါသည် ထာဝရဘုရား ရှေ့ တော်၌ အသရေထင်ရှား ၍ ၊ ငါ ၏ဘုရား သခင်သည် ငါ့ ကို ခိုင်ခံ့ စေ တော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလ အမျိုးသည် အထံ တော်၌ စုဝေး စေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ် အမျိုးကို အထံ တော်သို့ တဖန် ဆောင် ခဲ့ရသောကျွန် ဖြစ် စေမည်အကြောင်း၊ ငါ့ ကို အမိဝမ်း ထဲ မှစ၍ဖန်ဆင်း တော်မူသောထာဝရဘုရား မိန့် တော်မူသည် ကား၊

7ဣသရေလ အမျိုးကို ရွေးနှုတ်တော်မူ၍၊ ထို အမျိုး၏ သန့်ရှင်း သော ထာဝရဘုရား သည်၊ အဘယ်သူမျှ မနှစ်သက် ၊ တပြည် လုံး ရွံရှာ ဘွယ်ဖြစ်၍၊ မင်း ထံ၌ ကျွန် ခံရသောသူအား မိန့် တော်မူသည်ကား ၊ သစ္စာ ရှိတော်မူ သော ထာဝရဘုရား ၊ သင့် ကို ရွေးကောက် တော်မူသောဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ကျေးဇူးတော်ကြောင့် ၊ ရှင် ဘုရင်တို့သည် မြင် ၍ ထ ကြလိမ့်မည်။ မင်းသား တို့သည်လည်း ကိုးကွယ် ကြလိမ့်မည်။

Read all of Isaiah 49

Cross References

2 Kings 3:18ထို အမှုသည် ထာဝရဘုရား ရှေ့ တော်၌ သာမည အမှုဖြစ်သေး၏။ မောဘ လူတို့ကိုလည်း သင် တို့လက် သို့ အပ် တော်မူမည်

Psalms 67:3အို ဘုရား သခင်၊ လူ များတို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။ လူ များအပေါင်း တို့သည် ကိုယ်တော် ကို ချီးမွမ်း ကြပါစေသော။

Isaiah 11:10ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။

Isaiah 42:6ငါ ထာဝရဘုရား သည် သင့် ကို တရား သဖြင့် ခေါ် ထားသည်ဖြစ်၍၊ လက် ဆွဲ လျက် ထောက်မ မည်။

Isaiah 52:10ထာဝရဘုရား သည် ခပ်သိမ်းသော လူ အမျိုးမျိုး တို့ ရှေ့ မှာ၊ သန့်ရှင်း သော လက်ရုံး တော်ကို ဖွင့်ပြ တော်မူသဖြင့် ၊ မြေကြီး စွန်း ရှိသမျှ တို့သည် ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို သိ မြင်ကြလတံ့။

Isaiah 60:3တပါးအမျိုးသား တို့သည် သင် ၏အလင်း သို့ ၎င်း ၊ ရှင်ဘုရင် တို့သည် သင် ၌ ပေါ်ထွန်း ခြင်းအရောင် သို့ ၎င်း လာ ကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 49:6

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 49:5Isaiah 49Isaiah 49:7 →