Isaiah 50:2
ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
3ငါသည် မိုဃ်းကောင်းကင် ကို နက် သော အဝတ် ဝတ် စေ၍ ၊ လျှော်တေ အဝတ်နှင့် ခြုံ ၏။
Cross References
Genesis 18:14ထာဝရဘုရား မ တတ်နိုင်သောအမှု တစုံတခု ရှိသလော။ ချိန်းချက်သော ဘွားချိန် စေ့သောအခါ ၊ သင့် ဆီသို့ ငါပြန် လာ၍၊ စာရာ သည် သား ကို ရလိမ့်မည်ဟု ထာဝရဘုရား သည် အာဗြဟံ အား မိန့် တော်မူ၏။
Exodus 7:21မြစ် ၌ ရှိသောငါး တို့သည်လည်း သေ ကြ၍ ၊ မြစ် ရေနံ သောကြောင့် ၊ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် ကြ။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ အသွေး နှံ့ပြားလျက် ရှိ လေ၏။
Exodus 14:29ဣသရေလ အမျိုးသား တို့မူကား ၊ ပင်လယ် အလယ် ၌ မြေ ပေါ်မှာ ရှောက်သွား ၍ ၊ ရေ သည် သူ တို့လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။
Joshua 3:16မြစ်ညာ က စီး လာသောရေ သည် တန့် ရပ်၍ ဝေး သောအရပ်၊ ဇာရတန် မြို့နား မှာ ရှိသော အာဒံ မြို့ တိုင်အောင် ပုံ့ပုံ့ ကြွ လျက်နေ၏။ လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် သို့ စီး သွားသောရေသည်လည်း အကုန်အစင် ပြတ် ၍၊ လူ များတို့သည် ယေရိခေါ မြို့သို့ ရှေ့ရှု ကူး ကြ၏။
Psalms 106:9ဧဒုံ ပင်လယ် ကို ဆုံးမ တော်မူ၍ ၊ ပင်လယ်ရေ သည် ခန်းခြောက် လေ၏။ တော ၌ ပို့ဆောင်သကဲ့သို့ နက်နဲ ရာအရပ်၌ သူ တို့ကို ပို့ဆောင် တော်မူ၏။
Psalms 114:3ပင်လယ် သည် မြင် ၍ ပြေး လေ၏။ ယော်ဒန် မြစ် လည်း နောက် သို့ လှည့် လေ၏။