The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 50

1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။

2ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။

3ငါသည် မိုဃ်းကောင်းကင် ကို နက် သော အဝတ် ဝတ် စေ၍ ၊ လျှော်တေ အဝတ်နှင့် ခြုံ ၏။

4ငါသည် ပင်ပန်း သောသူအား မစ ခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင် ထာဝရဘုရား သည် လူတတ်၏ နှုတ် သတ္တိကို ငါ့ အား ပေး တော်မူပြီ။ နံနက် အစဉ်အတိုင်းငါ့ ကို နှိုး တော်မူ၏။ စာ သင်သော သူကဲ့သို့ နားထောင် စေမည်အကြောင်း ငါ့နား ကို နှိုးဆော် တော်မူ၏။

5အရှင် ထာဝရဘုရား သည် ငါ့ နား ကို ဖွင့် တော်မူ၍၊ ငါ လည်း မ ငြင်း မဆန်၊ နောက် သို့မ ဆုတ်၊

6ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။

7အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူလိမ့်မည်။ ထို့ကြောင့် ၊ ငါမ ရှုံး ရသည်ဖြစ်၍ ၊ ကိုယ် မျက်နှာ ကို မီးကျောက် ကဲ့သို့ ထား လျက်၊ ရှက် ကြောက်ခြင်းသို့ မ ရောက်ရဟု ငါသိ ၏။

8ငါ့ ကို အပြစ်လွှတ် သောသူသည် အနီး မှာရှိ၏။ အဘယ်သူ သည် ငါ နှင့် တရား တွေ့မည်နည်း။ ပြိုင် ၍ နေကြကုန်အံ့။ အဘယ် သူသည် ငါ နှင့်ရန်ဘက် ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ် စေ။

9ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူမည်။ အဘယ်သူ သည် ငါ့ ကို တရား ရှုံးစေ မည်နည်း။ ထိုသို့သော သူ အပေါင်း တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုး ကိုက်စား ခြင်း ကိုလည်း ခံရကြလိမ့်မည်။

10သင် တို့တွင် အဘယ်သူ သည် ထာဝရဘုရား ကို ကြောက်ရွံ့ သနည်း။ ထိုသူသည် ကိုယ်တော် ကျွန် ၏ စကား သံကို နားထောင် ပါစေ။ အဘယ်သူ သည် အလင်း မ ရှိဘဲ မှောင်မိုက် ၌သွား လာသနည်း။ ထိုသူ သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံ ၍ ၊ မိမိ ဘုရား သခင်ကို အမှီပြု ပါစေ။

11မီး ကိုညှိ ၍ မိမိတို့ကို မီးပွား တို့နှင့် ဝန်းရံ စေသော သူအပေါင်း တို့၊ သင် တို့မီး ၏အလင်း ၌ ၎င်း၊ သင်တို့ပြုစု သော မီးစ များ၌၎င်း သွား လာကြလော့။ ငါ့ လက် ၌ ခံရသော အကျိုးဟူမူကား၊ သင် တို့သည် ဝမ်းနည်း လျက် အိပ် ရကြလိမ့်မည်။

← Isaiah 49Read In The App, Free →Isaiah 51 →

Study Isaiah 50

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566