Isaiah 58:7
မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 19:2အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
Judges 9:2ယေရုဗ္ဗာလ သား ခုနစ်ဆယ် တို့သည် သင် တို့ကို အုပ်စိုး ကောင်း သလော။ သား တယောက် တည်း အုပ်စိုး ကောင်းသလော။ ငါ သည် သင် တို့၏ အရိုး အသား စစ်ဖြစ်ကြောင်း ကို မ မေ့ကြနှင့်ဟု ရှေခင် မြို့သား အပေါင်းတို့အား ပြော ရမည်အကြောင်းကို တိုင်ပင်လေ၏။
2 Chronicles 28:15အထက်ဆို ခဲ့ပြီးသော သူတို့သည် ထ လျက် ၊ သိမ်းယူ ခဲ့သောသူတို့ ကို ခေါ် ၍ ၊ အဝတ် မရှိသောသူတို့ ကို လက်ရဥစ္စာ ဖြင့် ဝတ်ဆင် စေကြ၏။ ခြေနင်း ကို စီးစေကြ ၏။ စား သောက် စရာဘို့ ပေးကြ၏။ ဆီ နှင့်လိမ်း စေကြ၏။ အား မရှိသောသူအပေါင်း တို့ကို မြည်း ပေါ်မှာ တင် ၍ ၊ သူ တို့ ပေါက်ဘော် ရှိ ရာ ယေရိခေါ မြို့တည်းဟူသောစွန်ပလွံပင် မြို့ သို့ ပို့ ပြီးမှ ၊ ရှမာရိ မြို့သို့ ပြန်သွား ကြ၏။
Job 22:7မော သောသူသောက်ဘို့ ရေ ကိုမ ပေး။ ငတ်မွတ် သောသူကိုမ ကျွေး။
Job 31:19အဝတ် မ ရှိသောကြောင့်သေခြင်း သို့ ရောက် သော သူတစုံတယောက်နှင့် ၊ ခြုံ စရာမ ရှိဘဲ ဆင်းရဲ စွာနေသောသူ တစုံတယောက်ကို ငါမြင် ၍၊
Proverbs 11:17သနား တတ်သောသူ သည် မိမိ ကိုယ် ၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ် သောသူမူကား ၊ မိမိ ကိုယ် ကိုပင် နှောင့်ရှက် တတ်၏။