Isaiah 60:18
သင် ၏ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မ ကြား ရ။ သင် ၏နယ် အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင် ၏မြို့ရိုး ကို ကယ်တင် ခြင်းဟူ၍၎င်း၊ မြို့တံခါး တို့ကို ချီးမွမ်း ခြင်းဟူ၍၎င်း သမုတ် ရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 72:3တောင်ကြီးတောင် ငယ်တို့သည် တရား တော်အားဖြင့် ၊ ကိုယ်တော်၏ လူ တို့အား ချမ်းသာ ပေး ကြ ပါလိမ့်မည်။
Isaiah 11:9ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
Micah 4:3ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။
Zechariah 9:8အဘယ်ရန်သူ မျှ မထွက် မဝင်စေခြင်းငှါ၊ ငါ့ အိမ် တော်ပတ်လည်၌ တပ်ချ မည်။ ညှဉ်းဆဲ သောသူသည် ငါ့ လူတို့ကို နောက် တဖန် မ နှိပ်နင်း ရ။ အကြောင်း မူကား၊ ငါ သည် ယခု ကိုယ်တိုင်ကြည့် ၍ မြင် ပြီ။