Isaiah 61:11
မြေကြီးသည် အပင်ကို ပေါက်စေသကဲ့သို့၎င်း၊ ထိုအတူ ထာဝရဘုရားသည် ခပ်သိမ်းသော လူမျိုးရှေ့မှာ၊ ဖြောင့်မတ်ခြင်းနှင့် ချီးမွမ်းခြင်းကို ပေါ်ထွန်းစေတော်မူ လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 1:11တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ် မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည် အတိုင်း ဖြစ်လေ၏။
Psalms 72:16ပြည်တော်၌ များစွာသော စပါးရှိ၍၊ အသီးအနှံ သည် လေဗနုန် တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား လိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း၊ မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။
Song of Solomon 4:16မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။
Isaiah 55:10မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ကို၎င်း၊ အစာစားသောသူအား အစာကို၎င်းပေးမည်အကြောင်း၊ မြေကို စိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကို သီးစေသကဲ့သို့၊
Isaiah 60:18သင်၏ပြည်၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍ ၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍၎င်း သမုတ်ရလိမ့် မည်။
Isaiah 62:2တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်း ကို၎င်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသရေ ကို၎င်း မြင်ရကြလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော် ထွက်နာမသစ်ဖြင့် သင့်ကို ခေါ်ကြလိမ့်မည်။