Isaiah 62:11
မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 98:1ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
Isaiah 40:10ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။
Isaiah 49:6သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
Zechariah 9:9အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
Mark 16:15“သင်တို့သည် လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ သို့ သွား ၍၊ ဝေနေယျ သတ္တဝါအပေါင်း တို့အား ဧဝံဂေလိ တရားကို ဟော ကြလော့။”
Romans 10:11ကယ်တင် ခြင်းသို့ ရောက်ခြင်းငှာနှုတ် ဖြင့် ဝန်ခံ ရ၏။ ကျမ်းစာ လာ သည်ကား ၊ ထိုကျောက် ကို အမှီပြု သော သူ မည်သည်ကား ၊ ရှက်ကြောက် ခြင်းမ ရှိနိုင်ရာဟု လာသတည်း။