Isaiah 63:14
ချိုင့် ထဲသို့ သိုး နွား ဆင်း သွားသကဲ့သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူ၏။ ထိုသို့ အသရေ တော်ကို ထင်ရှား စေခြင်းငှါ ၊ ကိုယ်တော် ၏လူ တို့ကို ဆောင်သွား တော်မူပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Joshua 22:4ယခု မှာ သင် တို့၏ဘုရား သခင်ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ ညီအစ်ကို တို့အား ငြိမ်သက် ခြင်းအခွင့်ကိုပေးတော်မူသောကြောင့်၊ သင် တို့ပြန် ၍ ကိုယ် နေရာအိမ် သို့ ၎င်း၊ ယော်ဒန် မြစ်တဘက် ၌ ထာဝရဘုရား ၏ကျွန် မောရှေ ပေး သည်အတိုင်း၊ ကိုယ် ပိုင် သော မြေ သို့ ၎င်း သွား ကြလော့။
2 Samuel 7:23နာမ တော်ကို ထင်ရှားစေ၍ အဲဂုတ္တု ပြည်အစရှိသော အခြား သောပြည်များ၊ သူ တို့ဘုရား များတို့မှ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏ လူမျိုး ရှေ့ တွင် လူမျိုးတော်အဘို့နှင့်ပြည် တော်အဘို့ ကြောက်မက် ဘွယ်သော အမှုကြီး တို့ကို ပြု ခြင်းငှါ ၊ ဘုရား သခင်ကြွ ၍ ကိုယ်တော် အဘို့ ရွေးနှုတ် တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးနှင့် တူသော လူမျိုး တစုံတမျိုး သည် မြေကြီး ပေါ် မှာ ရှိပါသလော။
Nehemiah 9:5တဖန် လေဝိ သားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိ တို့က ထ ကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အစဉ် အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီး ပေးကြလော့။ ကောင်းကြီး ပေးခြင်း၊ ချီးမွမ်း ခြင်း အမျိုးမျိုး ထက် ကြီး မြင့်၍ ဘုန်း ကြီးသော ကိုယ်တော် ၏ နာမ သည် မင်္ဂလာ ရှိပါစေသတည်း။
Jeremiah 32:20အဲဂုတ္တု ပြည် ၊ ဣသရေလ ပြည်အစရှိသော လူ အမျိုးမျိုးတို့၌ နိမိတ် လက္ခဏာအံ့ဘွယ် သော အမှုတို့ကို ယနေ့ တိုင်အောင် ပြ တော်မူသဖြင့် ၊ ယခု ကဲ့သို့ အစဉ် ကျော်စောသော သိတင်းရှိ တော်မူ၏။
Ephesians 1:6ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။
Hebrews 4:8ယောရှု သည် ထိုသူ တို့ကို ချမ်းသာ ပေးသည် မှန် လျှင် ၊ ထိုနောက် အခြား သောနေ့ရက် ကို အဘယ် ဆို ဘွယ်ရှိသနည်း