Isaiah 41:17
ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 28:15ငါ သည် သင့် ဘက် မှာရှိ၏။ သင်သွား လေရာရာ ၌ ငါစောင့် မမည်။ ဤပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ ဂတိ ထားသည်အတိုင်း မပြည့်စုံမှီ၊ သင့် ကိုငါမ စွန့် ဟု မိန့်တော်မူ၏။
Exodus 17:6ထို အရပ်၌ ရှိသောကျောက် ပေါ် တွင် သင့် ရှေ့ မှာငါ ရပ် နေမည်။ သင်သည် ထိုကျောက် ကိုရိုက် ရမည်။ လူများသောက် ဘို့ ထို ကျောက်ထဲက ရေ ထွက် လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ဣသရေလ အမျိုးအသက်ကြီး သူတို့ရှေ့ မှာ ထို သို့ပြု လေ၏။
Judges 15:19လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
2 Chronicles 6:17အိုဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် အကျွန်ုပ်အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
Psalms 34:6ဤ ဆင်းရဲ သောသူ၏ အော်ဟစ် ခြင်းအသံကို ထာဝရဘုရား သည် နားထောင် ၍ ၊ ခပ်သိမ်း သောဆင်းရဲ ထဲ က ကယ်လွှတ် တော်မူ၏။
Psalms 50:15အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။