Isaiah 65:18
ငါ ဖန်ဆင်း လတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ် အမြဲဝမ်းမြောက် ရွှန်လန်း ကြလိမ့်မည်။ ယေရုရှလင် မြို့ကို ဝမ်းမြောက် စရာအကြောင်း၊ မြို့ သား တို့ကို ရွှင်လန်း စရာအကြောင်းဖြစ်စေခြင်းငှါ ငါ ဖန်ဆင်း ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 6:41အိုထာဝရ အရှင် ဘုရားသခင် ၊ ကျိန်းဝပ် တော်မူရာသို့ တန်ခိုး တော်နှင့်ယှဉ်သော ဓမ္မသေတ္တာ နှင့်တကွ တက် တော်မူပါ။ အိုထာဝရ အရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ ယဇ် ပုရောဟိတ်တို့သည် ကယ်တင် ခြင်းတန်ဆာ ကို ဆင်၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကျေးဇူး တော်၌ ဝမ်းမြောက် ကြပါစေသော၊
Psalms 96:10ထာဝရဘုရား စိုးစံ တော်မူသည်ဟု တပါး အမျိုးသား တို့တွင် ဟောပြော ကြလော့။ လောကဓါတ် သည် မ လှုပ်ရှား နိုင်အောင် မြဲမြံ စွာ တည်လိမ့်မည်။ လူများ ကို ဖြောင့်မတ် စွာ တရားစီရင် တော်မူလိမ့်မည်။
Isaiah 12:4ထို ကာလ ၌ လည်း ထာဝရဘုရား ၏ ဂုဏ်တော် ကို ချီးမွမ်း ကြလော့။ နာမ တော်ကို ပဌနာ ပြုကြလော့။ အမှု တော်တို့ကို လူ များတို့တွင် ဘော်ပြ လော့။ နာမ တော်သည် မြင့်မြတ် သောကြောင့် ချီးမွမ်း ကြလော့။
Isaiah 35:10ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
Isaiah 44:23အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
Isaiah 51:11သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။