Isaiah 65:19
ငါသည်လည်း ယေရုရှလင် မြို့ကြောင့် ဝမ်းမြောက် မည်။ ငါ ၏လူ တို့ကြောင့် ရွှင်လန်း မည်။ ထိုမြို့ ၌ ငိုကြွေး သံ နှင့် အော်ဟစ် သံ ကို နောက် တဖန်မ ကြား ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 144:14နွား တို့သည်လည်း ကြီးပွါး များပြားခြင်း ရှိပါ စေသော။ အနိုင် အထက်ဝင်ခြင်းမ ရှိ။ သိမ်း သွားခြင်းမရှိ။ လမ်း တို့၌ ကြွေးကြော်မြည်တမ်း ခြင်းမ ရှိပါစေနှင့်။
Isaiah 25:8သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသော မျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။ ကိုယ်တော် ၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း၊ မြေကြီး တပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု၊ ထာဝရဘုရား အမိန့်တော်ရှိ၏။
Isaiah 35:10ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
Isaiah 51:11သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
Isaiah 62:4သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။
Jeremiah 31:12ထိုကြောင့် အမျိုးသားတို့သည် လာ ၍ ၊ ဇိအုန် တောင်ထိပ် ၌ သီချင်းဆို ကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူး တည်းဟူသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး သငယ် ၊ နွား သငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူ တို့စိတ် ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ဖြစ်၍ ၊ နောက် တဖန် ညှိုးငယ် ခြင်းမ ရှိရ။