The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 8

1တဖန် ထာဝရဘုရား က၊ သင် သည်ကြီး သော ကျောက်သင်ပုန်း ကိုယူ ပြီးလျှင် ၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသောအက္ခရာစာလုံးကို လူ ဘာသာ အားဖြင့် ရေး ထားလော့ဟု ငါ့ အား မိန့် တော်မူ၏။

2ထိုအခါ သက်သေ ခံစေခြင်းအလိုငှါ ၊ ယုံ လောက် သောသက်သေ၊ ယဇ်ပုရောဟိတ် ဥရိယ နှင့် ယေဗရခိ ၏ သား ဇာခိရိ တို့ကို ငါခေါ် ထား၏။

3ထိုနောက် မှငါသည် ပရောဖက် ကတော်ကို ချဉ်း သဖြင့် ၊ သူသည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကို ဘွားမြင် လေ၏။ ထာဝရဘုရား ကလည်း ၊ ထိုသားကို မဟေရရှာလလဟာရှဗတ် ဟူသောအမည် ဖြင့်မှည့် လော့။

4အကြောင်း မူကား၊ ထိုသူငယ် သည် အမိ အဘ ဟုမ ခေါ် တတ်မှီ၊ ဒမာသက် မြို့၏ စည်းစိမ် ၊ ရှမာရိ မြို့၌ လုယက် သောဥစ္စာကို အာရှုရိ ရှင်ဘုရင် သည် သိမ်း သွား လိမ့်မည်ဟု မိန့် တော်မူ၏။

5-

6တဖန် ထာဝရဘုရား က၊ ဤ လူမျိုး သည် ဖြည်းညှင်း စွာ စီး သော ရှိလောင် ချောင်း ကို ငြင်းပယ် ၍၊ရေဇိန် နှင့် ရေမလိ သား တို့၌ ဝမ်းမြောက် ကြသောကြောင့်၊

7ထာဝရ ဘုရားသည် အလုံးအရင်းပါသောအာရှုရိ ရှင်ဘုရင် တည်းဟူသော၊ ခွန်အားဗလကြီး ၍များ သော မြစ် ရေ နှင့်သူ တို့ကို လွှမ်းမိုးစေတော်မူသဖြင့် ၊ ထိုမြစ် သည် မိမိ ချောင်း များကို လွှမ်း ၍ ၊ မိမိကမ်း များကို လျှံ လျက်၊

8ယုဒ ပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်း တိုင်အောင် မှီ လိမ့်မည်။ သူ ၏ အတောင် တို့ကိုလည်း ဖြန့် သဖြင့်၊ ကိုယ်တော် ၏မြေ တပြင်လုံး ကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလ ဟု မိန့် တော်မူ၏။

9အချင်းလူ များတို့၊ သင်းဖွဲ့၍မှိုင်တွေ ကြလော့။ ဝေး သောပြည် သားအပေါင်း တို့၊ နားထောင် ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြ လော့။

10တိုင်ပင်ကြလော့။ သင်တို့အကြံ သည် ပျက် လိမ့်မည်။ စီရင် ကြလော့။ စီရင်သည်အတိုင်း မ တည် ရ။ အကြောင်း မူကား၊ ဘုရား သခင်သည် ငါ တို့ဘက် ၌ ရှိတော်မူ၏။

11ဤ လူမျိုး ၏ ဘာသာ ဓလေ့အတိုင်း ၊ ငါမကျင့် ရမည် အကြောင်း ၊ ထာဝရဘုရား သည် တန်ခိုး ပြလျက်၊ ငါ့ ကို သွန်သင် ၍မိန့် တော်မူသည်ကား၊

12သင်းဖွဲ့ ခြင်းဟု၊ ဤ လူမျိုး ဆို သမျှ အတိုင်း၊ သင်တို့သည် သင်းဖွဲ့ ခြင်းဟု မ ဆို ကြနှင့်။ သူ တို့ကြောက် တတ် သောအရာကို မ ကြောက် ကြနှင့်။ မ ထိတ်လန့် ကြနှင့်။

13ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ရိုသေ ခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ ခြင်း၊ ထိတ်လန့် ခြင်းရှိကြလော့။

14ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံ ရာ ဖြစ် တော်မူလိမ့်မည်။ သို့ရာတွင် ၊ ဣသရေလ လူ နှစ် မျိုးတို့ ထိမိ၍လဲ စရာကျောက် ၊ မှားယွင်း စရာကျောက် ၊ ယေရုရှလင် မြို့သား တို့၌ ကျော့ကွင်း နှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။

15ထိုသူ အများ တို့သည် ထိမိ ၍ တိမ်းလဲ ကျိုးပဲ့ ခြင်း၊ ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်ကြလိမ့်မည်။

16ဤသက်သေခံ ချက်ကို ငါ့ တပည့် တို့တွင် ထုပ် ထား၍၊ ပညတ် တရားကို တံဆိပ် ခတ်လော့ဟု မိန့်တော်မူ ၏။

17ယာကုပ် အမျိုးသား တို့တွင် မျက်နှာ တော်ကို ကွယ် ထားတော်မူသောထာဝရဘုရား ကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့် မည်။

18ငါ မှစ၍ ငါ့ အား ထာဝရဘုရား ပေး တော်မူသော သူငယ် တို့သည် ရှိ ကြ၏။ ဇိအုန် တောင် ပေါ် မှာ ကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်က၊ ဣသရေလ အမျိုး၌ ပုပ္ပ နိမိတ်နှင့် အံ့ဘွယ်သော အရာဖြစ်စေခြင်းငှါပေးတော်မူသတည်း။

19တိုးတိုး ပြော၍ မန္တန်သရဇ္ဈာယ် တတ်သော နတ် ဝင်နှင့် စုန်း တို့၌ ဆည်းကပ် ကြလော့ဟု သင်တို့အား ဆို လျှင်မူကား၊ လူ တို့သည် မိမိ တို့ဘုရား သခင်၌ မ ဆည်းကပ်အပ်သလော။ အသက်ရှင် သောသူ ၏ အမှုမှာ အသက်သေ သောသူ၌ ဆည်းကပ် အပ်သလော။

20တရား တော်ကို၎င်း၊ သက်သေခံ တော်မူချက်ကို ၎င်း နားထောင် ကြကုန်။ သူတို့ ပြော သော စကားသည် နှုတ်ကပတ် တော်နှင့် မ ညီ လျှင် ၊ သူ တို့၌ အာရုဏ် မ တက် သေး။

21ပင်ပန်း ခြင်းနှင့် မွတ်သိပ် ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ် သောအခါ လည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိ တို့ ရှင်ဘုရင် နှင့် မိမိ တို့ ဘုရား သခင်ကို ကျိန်ဆဲ ကြလိမ့်မည်။

22အထက် သို့ မျှော် သည်ဖြစ်စေ၊ မြေကြီး ကို ကြည့် သည်ဖြစ်စေ ၊ ဒုက္ခ ဆင်းရဲနှင့် မှောင်မိုက် အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်း ကွယ်ပျောက် ရာသို့ နှင်ထုတ် ခြင်းကိုခံရကြလိမ့်မည်။

← Isaiah 7Read In The App, Free →Isaiah 9 →

Study Isaiah 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566