Isaiah 9:18
အဓမ္မ သည် မီး ကဲ့သို့ လောင် တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်း စေမည်။ တောအုပ် ကို လည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုး နှင့်တကွလွင့် တက်ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 11:1တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
1 Kings 16:21ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။
Psalms 37:20မတရား သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြမည်။ ထာဝရ ဘုရား၏ ရန်သူ တို့သည် ကျက်စား ရာအရပ်၏အသရေ ကဲ့ သို့ဆုံး ၍ ၊ မီးခိုး ဖြစ်လျက် ကွယ်ပျောက် ကြလိမ့်မည်။
Isaiah 1:31ခွန်အားကြီး သောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ ၏အမှု သည် မီးပွား ဖြစ်လျက်၊ ထို နှစ် ပါးသည် အတူ လောင် ကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မ သတ် ရ။
Isaiah 5:24ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။
Isaiah 27:4ငါ့ အမျက် ငြိမ်းပြီ။ ဆူး ပင်မျိုးကိုမူကား၊ စစ် ပွဲ၌ ငါ တွေ့ပါစေသော။ ချက်ချင်းတိုက် ၍ တပြိုင်နက် မီးရှို့ မည်။