Isaiah 9:6
အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 13:18ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
2 Samuel 7:16သင် ၏အမျိုးအနွယ် နှင့် ၊ သင် ၏နိုင်ငံ သည် ငါ့ရှေ့ မှာ အစဉ်အမြဲ တည် လိမ့်မည်။ သင် ၏ရာဇပလ္လင် သည်လည်း အစဉ်အမြဲ တည် လိမ့်မည်ဟု ငါ့ ကျွန် ဒါဝိဒ် အား ပြော လော့ဟု မိန့် တော်မူ၏။
1 Kings 2:45ရှောလမုန် မင်းကြီး သည် မင်္ဂလာ ရှိ၍ ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ တည် ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
Nehemiah 9:32သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။
Psalms 45:3တန်ခိုး ကြီး သောအရှင် ၊ ဘုန်း အသရေတော် ဖြစ်သော ကိုယ်တော် ၏ထား ကို ပေါင် တော်၌ စည်း တော်မူပါ။
Psalms 45:7ကိုယ်တော်သည်ဖြောင့်မတ် ခြင်းတရားကို နှစ်သက် ၍ မ တရားသောအမှုကို မုန်း တော်မူ၏။ ထိုကြောင့် ဘုရား သခင်၊ ကိုယ်တော် ၏ဘုရား သခင်သည် ကိုယ်တော် ၏အပေါင်းဘော် တို့ထက် ၊ ကိုယ်တော် ကို ချီးမြှောက်၍၊ ဝမ်းမြာက် ခြင်းဆီ နှင့်ဘိသိတ် ပေးတော်မူပြီ။