Isaiah 9:5
စစ်တိုက် သောသူရဲ၏ ခြေစွပ် နှင့် အသွေး လူး သော အဝတ် တန်ဆာရှိသမျှ တို့သည် မီးရှို့ ဘို့ မီးစာ ဖြစ် ရကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 32:30ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။
Leviticus 3:11ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ အစာ အာဟာရ ဖြစ်သတည်း။
Judges 13:18ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
Psalms 46:9လေး ကိုချိုး လျက် ၊ လှံ ကိုအပိုင်းပိုင်းဖြတ် လျက်၊ ရထား ကိုမီး ရှို့ လျက် ၊ မြေကြီး စွန်း တိုင်အောင် စစ်မှု ကို ငြိမ်း စေတော်မူ၏။
Isaiah 10:16ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
Isaiah 30:33အကြောင်း မူကား၊ တောဖက် အရပ်သည် ရှေး ကာလ၌ စီရင် လျက်ရှိ၏။ အကယ်စင်စစ်ရှင်ဘုရင် အဘို့ ပြင်ဆင် လျက်ရှိ၏။ နက်နဲ ကျယ်ဝန်း စေခြင်းငှါဖန်ဆင်းတော်မူပြီ။ မီး ရှို့ဘို့ ထင်း ပုံကြီးလည်း ရှိ၏။ ထာဝရဘုရား ၏ ထွက် သက်တော်သည် အရည် ကျိုသောကန့် ကဲ့သို့၊ ထို ထင်းပုံ ကို မီးရှို့ ရလိမ့်မည်။