ရှင်ယာကုပ်ဩဝါဒစာ 1:18
နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
17ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။
Read all of ရှင်ယာကုပ်ဩဝါဒစာ 1
Cross References
Jeremiah 2:3ထိုအခါ ဣသရေလ အမျိုးသည် ထာဝရဘုရား အဘို့ သန့်ရှင်း ၏။ စီးပွားတော်အဘို့ အဦး သီးသော အသီး ဖြစ်၏။ သူ တို့ကို လုယူ သောသူအပေါင်း တို့သည် အပြစ် ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည် ဟု ထာဝရဘုရား မိန့် တော်မူ၏။
John 1:13ထိုသား တို့မူကား၊ လူမျိုး နှင့်စပ်ဆိုင် ၍ ဘွားသောသားမ ဟုတ်။ မေထုန် သံဝါသအားဖြင့် ဘွားသော သားမ ဟုတ်။ လူ့ အလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွား တော်မူသောသားဖြစ်သတည်း။
Romans 4:17ငါသည် သင့် ကို လူမျိုး အများ တို့၏အဘ ဖြစ် စေ၏ဟု ကျမ်းစာ၌ လာ သည်နှင့်အညီ ၊ ထိုအာဗြဟံ သည်ကား၊ သေ လွန်သောသူ တို့ကို ရှင် စေတော်မူထသော၊ မ ဖြစ် သေးသောအရာ တို့ကို ဖြစ် သောအရာကဲ့သို့ မှာထား တော်မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင်ယုံကြည် သော ဘုရား ရှေ့ တော်၌ ခပ်သိမ်း သောငါ တို့၏ အဘ ဖြစ် သတည်း။
Romans 9:15ဘုရားသခင်က၊ ငါသည်ကျေးဇူး ပြုလိုသောသူ ကိုကျေးဇူး ပြုမည်။ သနား လိုသောသူ ကိုလည်း သနား မည်ဟု မောရှေ ကို မိန့် တော်မူ၏။
Ephesians 1:12အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။
Colossians 1:20လက်ဝါးကပ်တိုင် မှာ သွန်းသောအသွေး တော်အားဖြင့် ရန် ကိုငြိမ်းစေ၍၊ ကောင်းကင် အရာ ဖြစ်စေ ၊ မြေကြီး အရာ ဖြစ်စေ ၊ ခပ်သိမ်း သောအရာတို့ကို သား တော်အားဖြင့် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့စေခြင်းငှာ၎င်း အလိုရှိတော်မူ၏။။