ရှင်ယာကုပ်ဩဝါဒစာ 4:14
နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယာကုပ်ဩဝါဒစာ 4
Cross References
Job 7:6ငါ့ နေ့ ရက်တို့သည် ရက်ကန်းလွန်း ထက် မြန် ၍ မြော်လင့် ခြင်းမ ရှိဘဲ လွန် သွားတတ်ကြ၏။
Job 14:1လူ သည် မိန်းမ ဘွား သောသူဖြစ်သဖြင့်၊ အသက် တို၍ ဒုက္ခ နှင့် ပြည့်စုံ ပါ၏။
Psalms 89:47အကျွန်ုပ် ၏ အသက်တာသည် အဘယ် မျှလောက် တို သည်ကို၎င်း၊ အဘယ် မျှလောက်ပျက် တတ် စေ ခြင်းငှါ၊ လူသား အပေါင်း တို့ကို ဖန်ဆင်း တော်မူသည် ကို၎င်း၊ အောက်မေ့ တော်မူပါ။
Psalms 102:3အကြောင်း မူကား၊ အကျွန်ုပ် ၏ နေ့ရက် ကာလ သည် မီးခိုး ကဲ့သို့ ကုန် တတ်ပါ၏။ အကျွန်ုပ် ၏ အရိုး တို့ သည် မီး ချေးကဲ့သို့ ကျွမ်း ကြပါ၏။
James 1:10ငွေရတတ် သော ညီအစ်ကိုသည် မိမိ နှိမ့်ချ ဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား ၊ သူသည်မြက် ပွင့် ကဲ့သို့ ဖောက်ပြန် ခြင်းသဘောရှိ၏။
1 Peter 4:7ခပ်သိမ်း သောအမှုအရာတို့သည် အဆုံး သို့ရောက် လုသည် ဖြစ်သောကြောင့် ၊ သမ္မာ သတိရှိကြလော့။ ဆုတောင်း ခြင်းအလိုငှာ စောင့် နေကြလော့။