ရှင်ယာကုပ်ဩဝါဒစာ 4:2
သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
3ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။
Read all of ရှင်ယာကုပ်ဩဝါဒစာ 4
Cross References
1 Kings 21:6မင်းကြီးက၊ ယေဇရေလ မြို့သားနာဗုတ် ကို ငါခေါ် ၍ သင့် စပျစ် ဥယျာဉ်ကို ရောင်း ပါ။ သို့မဟုတ် သင် အလို ရှိ လျှင် အခြားသောဥယျာဉ် ကို ငါပေး မည်ဟုဆို သော်၊ ထိုဥယျာဉ် ကို ကိုယ်တော် အား မ ပေး ရဟု ပြန်ပြော သောကြောင့် စိတ်ညှိုးငယ်သည်ဟုဆို ၏။
Ecclesiastes 4:8လူ သည်အဘော် အဘက်၊ သားသမီး ၊ ညီအစ်ကို မ ရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစား အားထုတ်၍ မ ကုန်နိုင်။ မိမိစည်းစိမ် ကိုမြင် ၍ မ ရောင့်ရဲ နိုင်။ ငါ သည် ကိုယ်ကို ညှဉ်းဆဲ ၍ ၊ အဘယ်သူ အဘို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤ အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ပင်ပန်းစေသောအမှုဖြစ်၏။
Habakkuk 2:5ထိုမှတပါး၊ စပျစ်ရည် နှင့်ပျော်မွေ့သောသူသည် သစ္စာ ပျက်တတ်၏။ မာန ထောင်လွှားသောသူ သည် ကိုယ် နေရာ ၌မ နေနိုင်ဘဲ၊ မိမိ လောဘ ကို မရဏာ နိုင်ငံကဲ့သို့ ကျယ် စေလျက် ၊ သေမင်း ကဲ့သို့ မ ပြေ နိုင်သောစိတ် ရှိ လျက် ၊ တိုင်း သူနိုင်ငံသား အမျိုးမျိုးအပေါင်း တို့ကို မိမိ ထံ သို့ ဆွဲငင် ၍ စုဝေး စေ၏။
Luke 11:9တစ်ဖန်ငါ ဆို သည်ကား၊ တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့၊ ခေါက်လျှင် ဖွင့် မည်။
John 16:24ယခု တိုင်အောင် ငါ ၏နာမ ကိုအမှီပြု ၍ သင်တို့သည် အဘယ် ဆုကိုမျှမ တောင်း ကြသေး။ သင် တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာတောင်း ကြလော့။ ထိုသို့တောင်းလျှင် ရ ကြလိမ့်မည်။
James 1:5သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။