ယေရမိအနာဂတ္တိကျမ်း 12:13
သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး မ ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 12
Cross References
Deuteronomy 28:38သင်သည် များစွာ သော မျိုးစေ့ ကို လယ် သို့ယူသွား ၍ ကျိုင်းကောင် တို့သည် ကိုက်စား သောကြောင့် ၊ နည်း သောစပါးကို သိမ်း ရလိမ့်မည်။
Isaiah 30:1ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသား တို့သည် အမင်္ဂလာ ရှိကြ၏။ သူတို့သည် ငါ့ ကို အမှီမ ပြုဘဲ အချင်းချင်းတိုင်ပင် ကြ၏။ ငါ့ ဝိညာဉ် အခွင့်မ ရှိဘဲ မိဿဟာယ ဖွဲ့၍ အထပ်ထပ် အပြစ် ရောက် ကြ၏။
Isaiah 55:2အစာ မ ဟုတ်သောအရာအဘို့ သင်တို့ငွေ ကို၎င်း၊ အမွတ်မ ပြေ နိုင်သောအရာအဘို့ သင်တို့ဥစ္စာ ကို၎င်း၊ အဘယ်ကြောင့် ကုန် စေကြသနည်း။ ငါ့ စကားကို စေ့စေ့နားထောင် လျက် ၊ ကောင်း သောအစာကို စား ကြလော့။ သင် တို့၏ဝိညာဉ် သည် ချို သောအရာတို့၌ မိမိကိုမိမိ မွေ့လျော် စေလိမ့်မည်။
Jeremiah 3:25အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။
Jeremiah 25:37ထာဝရဘုရား သည်ပြင်းစွာ အမျက် ထွက်တော်မူသော အားဖြင့် ငြိမ်ဝပ် စွာ နေရာ အရပ်တို့ သည်လည်း ပယ်ရှင်း ဖျက်ဆီးခြင်းကိုခံရကြ၏။
Micah 6:15မျိုးစေ့ကို ကြဲ သော်လည်း ၊ စပါးကို မ ရိတ် ရ။ သံလွင် သီးကို နယ် သော်လည်း ၊ ဆီ နှင့်ကိုယ်ကိုမ လိမ်း ရ။ စပျစ်သီး ကို နယ်သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရ။