The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 12

1အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့် တရားစကားကို ဆွေးနွေး သောအခါ ၊ ကိုယ်တော် သည် တရား တော်မူ၏။ သို့သော် လည်း၊ စစ်ကြော စီရင်တော်မူခြင်း အကြောင်းကို မေး လျှောက်ပါမည်။ မတရား သောသူတို့ သည် အဘယ်ကြောင့် အကြံ မြောက် ရကြပါ သနည်း။ အလွန်သစ္စာပျက် သော သူအပေါင်း တို့သည် အဘယ်ကြောင့်ချမ်းသာ ရကြပါသနည်း။

2ကိုယ်တော်သည် သူ တို့ကို စိုက် တော်မူသဖြင့် ၊ သူတို့သည် အမြစ် ကျ၍ ကြီးပွါး လျက် အသီး ကို သီး ကြပါ ၏။ ကိုယ်တော် သည် သူ တို့နှုတ် နှင့် နီး ၍ နှလုံး နှင့် ဝေး တော်မူ၏။

3အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။

4ပြည် သား များပြုသောဒုစရိုက် အပြစ်ကြောင့် ၊ ပြည်သည် အဘယ် မျှကာလပတ်လုံး မြည်တမ်း ရပါအံ့နည်း။ အရပ်ရပ် တို့၌ရှိသောမြက်ပင် သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်း ရပါအံ့နည်း။ ငါ တို့ခံရသောအကျိုး အပြစ်ကို ဘုရားသခင်မ သိ မမြင်ဟု ပြည်သားများ ဆို သောကြောင့် ၊ သား များနှင့် ငှက် များတို့သည် ပျောက် ပျက် ကြပါပြီ။

5သင်သည် ခြေသည် တို့နှင့် ပြိုင်ပြေး ၍ မော လျှင် မြင်း တို့နှင့် အဘယ်သို့ ပြိုင် နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ် စွာ နေရသောပြည် ၌ မော လျှင် ၊ ယော်ဒန် မြစ်၏ ဂုဏ် အသရေထဲမှာ အဘယ် သို့ပြု လိမ့်မည်နည်း။

6သင် ၏ညီအစ်ကို ၊ အဘ ၏ အိမ်သူ အိမ်သားတို့ ပင် သင့် ကို သစ္စာဖျက် ၍၊ သင့် နောက်သို့ အော်ဟစ် လျက် လိုက်ကြ၏။ သူ တို့သည် ကောင်း သောစကားကို ပြော သော်လည်း မ ယုံ နှင့်။

7ငါသည်ကိုယ် အိမ် ကိုစွန့် ၍၊ ကိုယ် အမွေ ကို ပစ် ထားပြီ။ ငါ အလွန်ချစ် သောအစ်မကို သူ ၏ ရန်သူ လက် သို့ အပ်နှံ ပြီ။

8ငါ့ အမွေ သည် တော ၌ တွေ့သောခြင်္သေ့ ကဲ့သို့ ငါ့ အား ဖြစ် ၍၊ ငါ့ ကို ဟောက် သောကြောင့် ငါမုန်း လေ၏။

9ငါ့ အမွေ သည် ဇဘော သားရဲ ကဲ့သို့ငါ့ အား ဖြစ်၏။ ပတ်လည် ၌ ရှိသောသားရဲ တို့သည် တိုက် ကြ၏။ လာကြ။ တော သားရဲ အပေါင်း တို့၊ စည်းဝေး ကြ။ ကိုက်စား ခြင်းငှါ လာ ကြစေ။

10များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။

11သုတ်သင် ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့ အား ညဉ်းတွား လေ၏။ တပြည် လုံး ပျက်စီး သော်လည်း၊ အဘယ် သူမျှပမာဏ မပြုတတ်။

12တော ၌ မြင့် သော အရပ်အလုံးစုံ တို့အပေါ် မှာ လုယက် သောသူတို့ သည် တက် ကြပြီ။ အကယ်စင်စစ်ပြည် စွန်း တဘက်မှ တဘက် တိုင်အောင် ထာဝရဘုရား ၏ ထား တော်သည် ဖျက်ဆီး သဖြင့်၊ အဘယ်သူ မျှချမ်းသာ မ ရ။

13သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး မ ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။

14ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါပေး သနား၍၊ ငါ ၏လူ ဣသရေလအမျိုးပိုင် ထိုက်သော အမွေ ကို ထိခိုက် သော၊ ငါ ၏အိမ်နီးချင်း ဆိုး အပေါင်း တို့ကို၊ သူ တို့ ပြည် ထဲက ငါ နှုတ် မည်။ သူ တို့အထဲ က လည်း ယုဒ အမျိုး ကို ငါနှုတ်မည်။

15နှုတ် ပြီးမှ တဖန် ငါသနား ၍ ၊ အသီးအသီး တို့ကို မိမိ တို့ပိုင်ထိုက် သော မြေ၊ မိမိ တို့နေရင်းပြည် သို့ ငါပြန် ပို့ မည်။

16ဗာလ ဘုရားကိုတိုင်တည်၍ ကျိန်ဆို စေခြင်းငှါ ၊ သူတို့သည် ငါ ၏လူမျိုး ကို သွန်သင် ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင် တော်မူသည်ဟု၊ ငါ ၏နာမ ကို တိုင်တည်၍ ကျိန်ဆို ခြင်းငှါ ၊ ငါ့ လူမျိုး ၏ ဘာသာ ဓလေ့ကို ကြိုးစား၍ သင် လျှင် ၊ ငါ ၏လူမျိုး အထဲ ၌ သူတို့ကို ငါတည် စေမည်။

17သို့မဟုတ် ၊ နား မ ထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုး ကို ငါသည် ရှင်းရှင်းနှုတ် ပယ် ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

← ယေရမိအနာဂတ္တိကျမ်း 11Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 13 →

Study ယေရမိအနာဂတ္တိကျမ်း 12

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152