ယေရမိအနာဂတ္တိကျမ်း 18:13
သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ သော အမှုကို အဘယ် သူကြား ဘူးသနည်းဟု သာသနာပ လူတို့တွင် မေး ကြလော့။ ဣသရေလ သတို့သမီး ကညာသည် အလွန် စက်ဆုပ်ရွံရှာ ဘွယ်သော အမှုကိုပြု လေပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 18
Cross References
Isaiah 36:22ထိုအခါ ဟိလခိ သား ဖြစ်သော နန်းတော် အုပ် ဧလျာကိမ် ၊ စာရေး တော်ကြီး ရှေဗန ၊ အာသပ် သား အတွင်းဝန် ယောအာ တို့သည် မိမိတို့အဝတ် ကိုဆုတ် လျက် ၊ ဟေဇကိ မင်းထံသို့လာ၍၊ ရာဗရှာခ စကား ကို ကြား လျှောက် ကြ၏။
Jeremiah 2:10ခိတ္တိမ် ကျွန်း တို့သို့ကူး ၍ ကြည့်ရှု ကြလော့။ ကေဒါ ပြည်သို့ လူကို စေလွှတ် ၍ ၊ ထို သို့ ဖြစ် ဘူးပြီလောဟု စေ့စေ့ ကြည့်ရှု ဆင်ခြင်ကြလော့။
Jeremiah 5:30အံ့ဩ ရွံရှာ ဘွယ်သော အမှုကို ပြည် တော်၌ ပြု ကြ၏။
Jeremiah 23:14ယေရုရှလင် မြို့သား ပရောဖက် တို့၌ လည်း ၊ စက်ဆုပ် ရွံရှာဘွယ်သောသဘောကို ငါမြင် ပြီ။ သူတို့သည် မတရား သောမေထုန် ၌မှီဝဲလျက် ၊ မုသာ ကိုလည်း သုံး လျက် ၊ အဓမ္မ ပြုသောသူတို့ကို အားပေး တတ်သဖြင့်၊ အဘယ်သူမျှမိမိ ပြုသော အဓမ္မ အမှုကို မ စွန့် ။ ထိုသူ ရှိ သမျှတို့သည် ငါ၌ သောဒုံ မြို့သားကဲ့သို့ ၎င်း ၊ ယေရုရှလင် မြို့သား တို့သည် ဂေါမောရ မြို့သားကဲ့သို့ ၎င်း ဖြစ် ကြ၏။
Lamentations 1:15ထာဝရ ဘုရားသည် ငါ ၏သူရဲ အပေါင်း တို့ကို ငါ့ အလယ် ၌ ကျော် နင်းတော်မူပြီ။ ငါ ၏လူပျို တို့ကို နှိပ်စက် ခြင်းငှါ လူ အလုံးအရင်းကို ခေါ် တော်မူပြီ။ ထာဝရ ဘုရား သည် ယုဒ သတို့သမီး ကညာ ကို စပျစ်သီး နယ်ရာကျင်း ၌ နင်းနယ် တော်မူပြီ။
Amos 5:1အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။