The Bible Software
ယေရမိအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ယေရမိအနာဂတ္တိကျမ်း 18

1ယေရမိ သို့ ရောက်လာ သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊

2သင် သည် ထ ၍ အိုးထိန်း သမားအိမ် သို့ သွား လော့။ ထို အရပ်၌ ငါ့ စကား ကို ငါကြား စေမည်ဟု မိန့် တော်မူသည်အတိုင်း ၊

3ငါသည်သွား ၍ ၊ အိုးထိန်း စက်နှင့် လုပ် လျက်ရှိသော အိုးထိန်း သမားကိုတွေ့ ၏။

4အိုးမြေ ဖြင့် လုပ် သော အိုး သည်၊ အိုးထိန်း သမား လက် ၌ ပျက်စီး သောကြောင့် ၊ သူသည်အလိုအလျောက်အသစ်ပြုပြင် ၍ ၊ အခြား သောအိုး ကို လုပ် ပြန်လေ၏။

5ထိုအခါ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ငါ့ ဆီသို့ ရောက် လာ၍ ၊ ထာဝရဘုရားမိန့် တော်မူသည် ကား၊

6အို ဣသရေလ အမျိုး ၊ အိုးထိန်း သမားပြုသကဲ့သို့ သင် တို့ကို ငါမ ပြု နိုင် သလော။ အို ဣသရေလ အမျိုး ၊ အိုးမြေ သည် အိုးထိန်း သမားလက် ၌ ရှိသကဲ့သို့ သင် တို့သည် ငါ့ လက် ၌ ရှိကြ၏။

7အကြင် တိုင်း နိုင်ငံ ကို နှုတ်ပယ် ဖြိုချ ဖျက်ဆီး ခြင်းငှါ ငါအမိန့် တော်ရှိ၏၊

8ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်း နိုင်ငံသည် မိမိ ဒုစရိုက် ကို စွန့်ပစ် လျှင်၊ ငါကြံစည် သော ဘေးဒဏ် ကို ငါနောင်တ ရမည်။

9အကြင်တိုင်း နိုင်ငံ ကို တည်ထောင် ပြုစု ခြင်းငှါ ငါအမိန့် တော်ရှိ၏၊

10ထိုတိုင်းနိုင်ငံသည် ငါ့ စကား ကို နား မ ထောင်၊ ငါ့ မျက်မှောက် ၌ ဒုစရိုက် ကိုပြု လျှင် ၊ သူ ၏အကျိုး အလိုငှါ ပြုစု မည်ဟူသော စကား၌ပါသောကျေးဇူး ကို ငါနောင်တ ရမည်။

11ယခု မှာ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့အဘို့ ဘေးဒဏ် ကို ငါ ပြင်ဆင် ၏။ သင် တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည် ၏။ သို့ဖြစ်၍၊ ဆိုး သော လမ်း မှ အသီးအသီး ပြန် လာကြလော့။ သင် တို့လိုက်သော လမ်း နှင့် သင် တို့ကျင့်သောအကျင့် ကို ဖြောင့် စေကြလော့ ဟု၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့အား ဆင့်ဆို လော့။

12သူတို့ကလည်း၊ မြော်လင့် စရာမရှိ။ ငါတို့သည် ကိုယ် အလို သို့ လိုက်မည်။ ငါတို့၌ ဆိုး သော စိတ် နှလုံးခိုင်မာ ခြင်းရှိသည်အတိုင်း၊ အသီးအသီး ပြု မည်ဟု ဆို ကြ ၏။

13သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ထိုသို့ သော အမှုကို အဘယ် သူကြား ဘူးသနည်းဟု သာသနာပ လူတို့တွင် မေး ကြလော့။ ဣသရေလ သတို့သမီး ကညာသည် အလွန် စက်ဆုပ်ရွံရှာ ဘွယ်သော အမှုကိုပြု လေပြီ။

14လွင်ပြင် ၌ရှိသောကျောက် ကို မစွန့် ၊ လေဗနုန် တောင်၏ မိုဃ်းပွင့် ကို အဘယ်သူစွန့်မည်နည်း။ အခြား တပါးသော အရပ်မှစီး လာ၍ ချမ်းဧ သောမြစ်ရေ သည် ခန်း ခြောက်လိမ့်မည်လော။

15ငါ ၏လူ တို့သည် ငါ့ ကိုမေ့လျော့ ၍၊ အချည်းနှီး သော အရာရှေ့မှာ နံ့သာ ပေါင်းကို မီးရှို့ကြပြီ။ ရှေး ကာလ မှစ၍လိုက်ဘူးသော လမ်း တို့၌ လဲ တတ်သောကြောင့်၊ အခြားသောလမ်း ၊ မြေမ ဖို့ သောလမ်းသို့ လိုက် ကြပြီ တကား။

16ထိုသို့ပြု၍ မိမိ တို့ပြည် ကို လူဆိတ်ညံ ရာအရပ်၊ အစဉ် ကဲ့ရဲ့ သံ ကြားရာအရပ်ဖြစ်စေသဖြင့်၊ လမ်း၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍ ၊ မိမိ တို့ ခေါင်း ကို ညှိတ် ကြလိမ့်မည်။

17ငါသည်အရှေ့ လေ ကဲ့သို့ သူ တို့ကို ရန်သူ ရှေ့မှာ လွင့် စေမည်။ ဘေး ရောက်သောကာလ ၌ သူ တို့အား မျက်နှာ ကို မ ပြ၊ ကျော ကိုပြ မည်။

18သူတို့ကလည်း လာ ကြ။ ယေရမိ တဘက် ၌ ကြံစည် ကြကုန်အံ့။ ယဇ် ပုရောဟိတ်သည် တရား အမှု၌၎င်း ၊ ပညာရှိ သောသူသည် အကြံ ပေးခြင်းအမှု၌၎င်း ၊ ပရောဖက် သည် ဟော ပြောခြင်းအမှု၌ ၎င်း အရှုံး မခံရ။ လာ ကြ။ ယေရမိ ကိုလျှာ နှင့် ရိုက် ကြကုန်အံ့။ သူ ၏စကား ကို နား မထောင်ဘဲနေကြကုန်အံ့ဟု ဆို ကြ၏။

19အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ကြည့်ရှု တော်မူ ပါ။ အကျွန်ုပ် နှင့် ရန်တွေ့ သောသူတို့ ၏ စကား ကို မှတ် တော်မူပါ။

20ကျေးဇူး ပြုသောအတွက် အပြစ် ပေး သင့်ပါမည် လော။ သူတို့သည် အကျွန်ုပ် အသက် ဘို့ တွင်း ကိုတူး ကြ ပါပြီ။ အကျွန်ုပ်သည် သူ တို့ အကျိုး အလိုငှါ လျှောက် ၍၊ သူ တို့မှ အမျက် တော်ကို လွှဲ ခြင်းငှါ ၊ ရှေ့ တော်၌ ရပ် နေကြောင်းကို အောက်မေ့ တော်မူပါ။

21ထိုကြောင့်၊ သူတို့ကို ထားဘေးသို့၎င်း ၊ သူ တို့သားသမီး များကို မွတ်သိပ် ခြင်းသို့ ၎င်း အပ် တော်မူပါ။ သူ တို့မိန်းမ တို့သည် သားများဆုံး၍ မုတ်ဆိုးမ ဖြစ် ကြပါစေသော။ လူ ကြီးတို့သည် အသေသတ် ခြင်းကို ခံရ ၍၊ လူပျို တို့ လည်း စစ်တိုက် ပွဲ၌ ထား ဖြင့် ဆုံး ကြပါစေသော။

22စစ်တိုက်သော ရန်သူ များကို သူ တို့ရှိရာသို့ ချက်ခြင်း ရောက် စေတော်မူသောအခါ ၊ သူ တို့အိမ်သား များ အော်ဟစ် ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ် ကို ထောင် ခြင်းငှါ တွင်း ကိုတူး ကြပါပြီ။ အကျွန်ုပ် သွား ရာလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြပါပြီ။

23အို ထာဝရဘုရား ၊ အကျွန်ုပ် အသက်ကို သတ် ခြင်းငှါ ၊ သူ တို့ ကြံစည် သမျှ ကို ကိုယ်တော် သိ တော်မူ ၏။ သူ တို့ကို အပြစ် မှလွှတ် တော်မ မူပါနှင့်။ မျက်မှောက် တော်၌ သူ တို့အပြစ် ကို ချေ တော်မ မူပါနှင့်။ ရှေ့ တော်၌ ဆုံးရှုံး ကြပါ စေသော။ အမျက် တော်ထွက် သောအခါ၊ သူ တို့ကို စီရင် တော်မူပါ။

← ယေရမိအနာဂတ္တိကျမ်း 17Read In The App, Free →ယေရမိအနာဂတ္တိကျမ်း 19 →

Study ယေရမိအနာဂတ္တိကျမ်း 18

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940414243444546474849505152