ယေရမိအနာဂတ္တိကျမ်း 3:13
သင်သည် ငါ့ စကား ကို နား မ ထောင်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ၍ ၊ စိမ်း သော သစ်ပင် ရှိသမျှ အောက် ၌တွေ့သော ဧည့်သည် တို့နှင့် မှားယွင်း သော အပြစ် ရှိကြောင်းကို ဝန်ချ ရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 3
Cross References
Deuteronomy 12:2သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
Job 33:27သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
Jeremiah 2:20ရှေး ကာလ၌ သင် ထမ်းရသောထမ်းဘိုး ၊ သင် ၌ ချည်သော နှောင်ဖွဲ့ ခြင်းကို ငါချိုးချွတ် ၍ သင်က၊ အကျွန်ုပ်သည် မ မှားယွင်း ဘဲ နေ ပါမည်ဟု ဂတိ ထား သော်လည်း ၊ မြင့် သောတောင် ရှိသမျှ အပေါ် ၌၎င်း ၊ စိမ်း သောသစ်ပင် ရှိသမျှ အောက် ၌၎င်း ၊ ကိုယ် ကိုချ၍ ပြည်တန်ဆာ လုပ် လေ၏။
Jeremiah 3:2မြင့် သောအရပ်များကို မျှော် ကြည့်၍ ၊ လင် မ နေ ဘူးသောအရပ် တစုံတခုကို ရှာ လော့။ အာရပ် လူသည် တော ၌ စောင့်သကဲ့သို့ ၊ သင်သည် လမ်း တို့၌ စောင့် နေ၍၊ မတရားသောမေထုန် အားဖြင့် ၎င်း ၊ အဓမ္မ အမှုအားဖြင့် ၎င်း ပြည် ကို ညစ်ညူး စေပြီ။
Jeremiah 3:25အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။
Jeremiah 7:26သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။