ယေရမိအနာဂတ္တိကျမ်း 48:11
မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 48
Cross References
Psalms 73:4ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။
Proverbs 1:32ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ် သောအားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
Isaiah 24:3တပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့် မည်ဟူသော အရာကို ထာဝရဘုရား မိန့်တော်မူ၏။
Jeremiah 48:29မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊
Ezekiel 16:49သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။
Nahum 2:10မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။