Job 1:7
ထာဝရဘုရား ကလည်း ၊ သင်သည်အဘယ် အရပ်က လာ သနည်းဟုစာတန် ကို မေး တော်မူလျှင် ၊ စာတန် က၊ မြေကြီး ပေါ် မှာ လှည့်လည် ၍ အရပ်ရပ်သွား လာခြင်း အမှုထဲက လာပါသည်ဟု ပြန် လျှောက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 5:25ကိုယ်တိုင် ဝင် ၍ မိမိ သခင့် ရှေ့ ၌ ရပ် နေ၏။ ဧလိရှဲ ကလည်း ၊ ဂေဟာဇိ ၊ အဘယ် အရပ်သို့ သွားဘိ သနည်းဟုမေး လျှင်၊ ကိုယ်တော် ကျွန် သည် အဘယ် အရပ် ကိုမျှ မ သွား ပါဟုပြန်ပြော သော်၊ “
Zechariah 1:10မုရတု တော၌ ရပ် သော လူ က၊ ထို သူတို့သည် မြေကြီး အရပ်ရပ် တို့ကို လှည့်လည်၍ သွား စေခြင်းငှါ ၊ ထာဝရဘုရား စေလွှတ် တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော ၏။
Zechariah 6:7ခွန်အား ကြီးသော မြင်းတို့သည် ထွက် ၍ ၊ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ခြင်းငှါ အားထုတ် ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား ၍ မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြလော့ဟုဆို သည် အတိုင်း ၊ သူတို့သည် မြေကြီး ပေါ် မှာ တောင်မြောက်သို့ လှည့်လည် ကြ၏။
1 Peter 5:8သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
Revelation 12:12ထိုကြောင့် ကောင်းကင် နှင့် ကောင်းကင် သားတို့ ရွှင်လန်း ကြလော့။ မြေကြီး နှင့် ပင်လယ် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ မာရ်နတ် သည် မိမိကာလ တခဏ သာရှိသည် ကို သိ ၍၊ ပြင်းစွာ သော ဒေါသ အမျက်နှင့်တကွသင် တို့ရှိ ရာသို့ ဆင်း လေပြီဟု ဆိုကြသည်ကို ငါကြား၏။