Job 2:12
ထိုသူတို့သည် အဝေး က မျှော် ကြည့်၍ ယောဘ ကို မ သိ လျှင် ၊ အသံ ကိုလွှင့် ၍ ငိုကြွေး ကြ၏။ အသီး အသီးမိမိ တို့ဝတ်လုံ ကိုဆုတ် ၍ မြေမှုန့် ကို ယူပြီးလျှင်မိမိ တို့ ခေါင်း ပေါ် သို့ကျရောက်စေခြင်းငှါ၊ မိုဃ်းကောင်းကင် သို့ ပစ် တင်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 27:34အဘ ဆိုသော စကား ကိုဧသော ကြား လျှင် ၊ အလွန် ပြင်း သောအသံနှင့် သည်းထန် စွာ ငိုကြွေး လျက် ၊ အိုအဘ ၊ အကျွန်ုပ် ကိုလည်း ကောင်းကြီး ပေးပါလော့၊ ပေးပါလော့ဟုဆို လေသော်၊
Judges 2:4ထာဝရဘုရား ၏ တမန် တော်သည် ဣသရေလ အမျိုးသားအပေါင်း တို့အား ဤ သို့မိန့် တော်မူသောအခါ ၊ လူ များတို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
1 Samuel 11:4တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ ၍ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
2 Samuel 13:36ရှင်ဘုရင် ၏သား တော်တို့သည် ရောက် လာ၍ အသံ ကိုလွှင့် လျက် ငိုကြွေး ကြ၏။ ရှင်ဘုရင် နှင့် ကျွန် တော်အပေါင်း တို့သည် ပြင်းစွာ ငိုကြွေး ကြ၏။
Nehemiah 9:1ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
Job 1:20ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။