The Bible Software
bible.software › Joel › Joel 3 › Joel 3:17

Joel 3:17

ငါ သည်လည်း ငါ ၏သန့်ရှင်း သော ဇိအုန် တောင် ပေါ် မှာနေ သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း သန့်ရှင်း လိမ့်မည် ။ နောက် တဖန် ထိုမြို့ ကို တပါး အမျိုးသားမ နင်း ရ။

မြန်မာကျမ်းစာ

In The King James Version

So shall ye know that I am the LORD your God dwelling in Zion, my holy mountain: then shall Jerusalem be holy, and there shall no strangers pass through her any more.

In Context

16ထာဝရဘုရား သည်လည်း ဇိအုန် တောင်ပေါ်က ကြွေးကြော် ၍ ၊ ယေရှုရှလင် မြို့ထဲက အသံ ကိုလွှင့် တော်မူသဖြင့် ၊ မိုဃ်းကောင်းကင် နှင့် မြေကြီး သည် တုန်လှုပ် လိမ့်မည် ။ သို့ရာတွင် ၊ ထာဝရဘုရား သည် မိမိ လူ တို့၏ ခိုလှုံ ရာ ၊ ဣသရေလ အမျိုးသား တို့၏ အစွမ်း သတ္တိဖြစ်တော်မူလိမ့် မည်။

18ထို ကာလ ၌ ချိုသော စပျစ်ရည် သည် တောင် တို့ မှ ယို လိမ့်မည်။ နို့ ရည်သည် ကုန်း တို့မှ ထွက် လိမ့်မည်။ ယုဒ မြစ် ရှိသမျှ တို့သည် ရေစီး ကြလိမ့်မည်။ ထာဝရဘုရား ၏ အိမ် တော်ထဲက စမ်းရေ ထွက် ၍ ရှိတ္တိမ် ချိုင့် ကို စို စေလိမ့်မည်။

Read all of Joel 3

Cross References

Job 15:19ငါ့ စကားကို နားထောင် လော့။ တပါး အမျိုးသားနှင့် မ ရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေ ကို ပိုင်သော ပညာရှိ တို့သည်၊ ဘိုးဘေး လက်ထက်မှစ၍ မ ထိမ် မဝှက်၊ ပြော ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင် သော အရာကို ငါပြသ မည်။

Psalms 76:2ယေရုရှလင် မြို့မှာ တဲ တော်ရှိ ၏။ ဇိအုန် တောင် မှာ ကျိန်းဝပ် လျက် နေတော်မူ၏။

Isaiah 12:6အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။

Isaiah 52:1အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။

Ezekiel 43:12တောင် ထိပ် ပေါ်မှာ တည်သော အိမ် တော်၏ တရား ဟူမူကား၊ အိမ်တော်နယ်နိမိတ် ရှိသမျှ တို့သည် အလွန် သန့်ရှင်းရကြမည်။ ဤရွေ့ကား ၊ အိမ် တော်၏ တရား ပေတည်း။

Daniel 11:45ပင်လယ် ကြား မှာ ဘုန်း ကြီး၍ သန့်ရှင်း သော တောင် ပေါ်၌ စံရာ တဲ တော်ကို တည်ဆောက်ပြီးလျှင်၊ အဘယ်သူမျှမစ ခြင်းငှါမ တတ်နိုင်၍ ဆုံးရှုံးခြင်းသို့ ရောက် လိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Joel 3:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Joel 3:16Joel 3Joel 3:18 →