ရှင်ယောဟန်ခရစ်ဝင် 10:21
အချို့ တို့က၊ သူ့ စကား သည် နတ်ဆိုးစွဲ သောသူ၏စကားမ ဟုတ် ။ နတ်ဆိုး သည် မျက်စိ ကန်း သောသူ တို့ကို မြင်စေခြင်းငှာတတ်နိုင် သလောဟုဆို ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
20လူ များ တို့က၊ သူသည်နတ်ဆိုး စွဲ ၍ အရူး ဖြစ်၏။ သူ့ စကားကို အဘယ်ကြောင့် နားထောင် သနည်းဟု ဆို ကြ၏။
22ဆောင်း ကာလဖြစ် ၍ အင်္ကဲနိ ပွဲကိုယေရုရှလင် မြို့၌ခံ ကြသောအခါ၊
Read all of ရှင်ယောဟန်ခရစ်ဝင် 10
Cross References
Exodus 8:19ထိုအခါ ဝိဇ္ဇာဆရာ တို့က၊ ဤ အမှုသည် ဘုရား သခင် ၏ တန်ခိုး ကြောင့်ဖြစ်သည်ဟု ဖါရော ဘုရင်အား လျှောက် ကြားကြ၏။ သို့သော်လည်း ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖာရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့စကားကို နား မ ထောင်ဘဲနေပြန်လေ၏။
Psalms 146:8ထာဝရဘုရား သည် မျက်စိ ကန်းသောသူတို့ကို မြင် စေတော်မူ၏။ ထာဝရဘုရား သည် နှိမ့်ချ သောသူတို့ ကို ကြွ ပင့်တော်မူ၏။ ထာဝရဘုရား သည် ဖြောင့်မတ် သောသူတို့ ကို ချစ် တော်မူ၏။
Isaiah 35:5ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
Matthew 11:5မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
John 9:32အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူ ကိုမျက်စိ မြင် စေခြင်းငှာ တတ်နိုင်သည်ကို ကမ္ဘာ ဦးမှစ၍ မ ကြား စဖူး။