The Bible Software
ရှင်ယောဟန်ခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်ယောဟန်ခရစ်ဝင် 10

1ငါအမှန်အကန် ဆို သည်ကား၊ သိုး ခြံ ထဲသို့ တံခါးဝ ဖြင့် မ ဝင် အခြား လမ်းဖြင့်ကျော်ဝင် သောသူ သည် သူခိုး ဓားပြ ဖြစ် ၏။

2သိုးထိန်း မူကား၊ တံခါးဝ ဖြင့် ဝင် တတ်၏။

3ထိုသူ အားတံခါးစောင့် လည်းဖွင့် တတ်၏။ သူ၏ စကား သံကိုသိုး တို့သည် နားထောင် တတ်ကြ၏။ သူ သည် မိမိ သိုး တို့ကို နာမည် ဖြင့် ခေါ် ၍ ပြင် သို့ ထုတ်ဆောင်တတ်၏။

4သိုးများကိုထုတ် သောအခါ သိုးတို့ရှေ့ မှာသွား ၍ သိုး များသည် သူ၏ စကား သံကို ကျွမ်း သောကြောင့် လိုက် တတ်ကြ၏။

5မဆိုင်သောသူတို့၏စကား သံကို မ ကျွမ်း သောကြောင့် ၊ မဆိုင်သောသူနောက် သို့မ လိုက်ဘဲ ပြေး တတ် ကြသည် ဟု မိန့်တော်မူ၏။

6ထို ဥပမာ ပုံကို ယေရှု ဟော တော်မူသည်တွင်၊ ပရိသတ် တို့သည် မိန့်တော်မူသောစကား တော်၏ အနက် အဓိပ္ပါယ်ကိုနား မ လည်ကြ။

7ထိုကြောင့် တစ်ဖန် ယေရှု က၊ ငါအမှန်အကန် ဆို သည်ကား၊ ငါ သည် သိုး ဝင်သောတံခါးဝ ဖြစ် ၏။

8ငါ ရှေ့ ၌ပေါ်လာ သောသူ ရှိသမျှ တို့သည် သူခိုး ဓားပြ ဖြစ် ကြ၏။ ထိုသူ တို့၏စကားသံကို သိုး တို့သည် နား မ ထောင်ကြ။

9ငါ သည်တံခါးဝ ဖြစ် ၏။ ငါ ဖြင့် ဝင် သောသူ သည် ဘေး နှင့်ကင်းလွှတ်လျက် ထွက် ဝင် ၍ ကျက်စား ရာကို တွေ့ ရလိမ့်မည်။

10သူခိုး သည်ခိုး ခြင်း၊ သတ် ခြင်း၊ ဖျက်ဆီး ခြင်းငှာ သာ လာ တတ်၏။ ငါ မူကား၊ သိုး တို့သည် အသက် လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံ စေခြင်းငှာ လာ သတည်း။

11ငါ သည် ကောင်း သောသိုးထိန်း လည်းဖြစ် ၏။ ကောင်း သောသိုးထိန်း သည် သိုး တို့အဘို့ အလိုငှာ မိမိ အသက် ကို စွန့် တတ်၏။

12သိုး များကိုပိုင် သောသိုးထိန်း မ ဟုတ် ၊ သူငှား ဖြစ်သောသူ မူကား၊ တောခွေး လာ သည်ကိုမြင် လျှင်၊ သိုး တို့ကို ပစ် ထား၍ ထွက်ပြေး တတ်၏။ တောခွေး သည်လည်း၊ သိုး တို့ကို လုယက် ၍ ကွဲလွင့် စေ၏။

13သူငှား သည် သူငှားဖြစ်၍သိုး တို့၏အကျိုး ကို မ မှတ် သောကြောင့် ထွက်ပြေးတတ်၏။

14ငါ သည် ကောင်း သောသိုးထိန်း ဖြစ် ၏။ ခမည်းတော် သည် ငါ့ ကိုသိ တော်မူ၍၊ ငါ သည်လည်း ခမည်းတော် ကို သိ သကဲ့သို့ ငါ ၏သိုးကိုလည်း ငါသိ ၏။ ငါ့ သိုးတို့သည်လည်း ငါ့ ကိုသိ ကြ၏။

15ငါသည် ကိုယ် အသက် ကို သိုး တို့အဘို့ အလိုငှာ စွန့်၏ ။

16ဤ သိုးခြံ သို့ မ ဝင်သောအခြား သိုး တို့ကိုလည်း ငါပိုင် သေး၏။ ထို သိုးတို့ကို ငါ ဆောင်ခဲ့ ရ မည်။ သူတို့ သည်လည်း ငါ့ စကား သံကို နားထောင် သဖြင့်၊ သိုး ခြံတစ်ခု သိုးထိန်း တစ်ပါးတည်း ရှိ ရလိမ့်မည်။

17ငါ သည် ကိုယ် အသက် ကိုစွန့် ၍ နောက် တဖန်ယူ ဦးမည်ဖြစ်သောကြောင့် ၊ ငါ့ ခမည်းတော် သည် ငါ့ကို ချစ် တော်မူ၏။

18ငါ့ အသက် ကို အဘယ်သူ မျှမလု မယူ။ ကိုယ် အလိုအလျောက်ငါ စွန့် ၏။ ကိုယ်အသက် ကို စွန့် ရသော အခွင့် နှင့် နောက် တဖန်ကိုယ်အသက် ကို ယူ ပြန်ရသောအခွင့် သည် ငါ၌ရှိ ၏။ ထို အခွင့် ကိုခမည်းတော် သည် ပေး တော်မူပြီ ဟု မိန့် တော်မူ၏။

19ထို စကား တော်ကြောင့် ယုဒ လူတို့သည် တစ်ဖန် ကွဲပြား ခြင်းရှိ ကြ၏။

20လူ များ တို့က၊ သူသည်နတ်ဆိုး စွဲ ၍ အရူး ဖြစ်၏။ သူ့ စကားကို အဘယ်ကြောင့် နားထောင် သနည်းဟု ဆို ကြ၏။

21အချို့ တို့က၊ သူ့ စကား သည် နတ်ဆိုးစွဲ သောသူ၏စကားမ ဟုတ် ။ နတ်ဆိုး သည် မျက်စိ ကန်း သောသူ တို့ကို မြင်စေခြင်းငှာတတ်နိုင် သလောဟုဆို ကြ၏။

22ဆောင်း ကာလဖြစ် ၍ အင်္ကဲနိ ပွဲကိုယေရုရှလင် မြို့၌ခံ ကြသောအခါ၊

23ယေရှု သည် ဗိမာန် တော်နားမှာ ရှောလမုန် ကနားပြင် ၌ စင်္ကြံသွား တော်မူစဉ်တွင်၊

24ယုဒ လူတို့သည် ကိုယ်တော် ကိုဝန်းရံ ၍ ၊ သင် သည် အဘယ်မျှ ကာလပတ်လုံးငါ တို့ကို ယုံမှား စေမည်နည်း။ ခရစ်တော် မှန် လျှင် အတည့်အလင်း ပြော ပါဟုဆို ကြ၏။

25ယေရှု ကလည်း၊ ငါပြော ပြီ။ သင် တို့သည် မ ယုံ ကြ။ ငါ့ ခမည်းတော် ၏အခွင့်နှင့် ငါ ပြု သောအမှု တို့သည် ငါ ၏သက်သေ ဖြစ်ကြ၏။

26သို့သော်လည်း သင် တို့သည် မ ယုံ ကြ။ အဘယ်ကြောင့်မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့ သိုး တို့ အဝင် မ ဟုတ် ။ အထက်က ငါပြောသည်အတိုင်း၊

27ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။

28ထာဝရ အသက် ကိုလည်း ငါ ပေး ၏။ သိုးတို့သည် ပျက်စီး ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူ မျှထိုသိုး တို့ကို ငါ့ လက် မှ မ နှုတ် မယူရာ။

29ထိုသိုးတို့ကို ငါ့ ၌အပ်ပေး တော်မူသောငါ့ ခမည်းတော် သည် ခပ်သိမ်း သောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ် ၍၊ အဘယ်သူ မျှထိုသိုးတို့ကို ငါ့ခမည်းတော် ၏ လက် မှ မနှုတ် မယူနိုင် ရာ။

30ငါ သည် ငါ့ခမည်းတော် နှင့် တလုံးတဝတည်း ဖြစ် သည် ဟု မိန့် တော်မူ၏။

31ထိုအခါ ယုဒ လူတို့သည် ကိုယ်တော် ကို ခဲနှင့်ပစ် ခြင်းငှာ တစ်ဖန် ကျောက်ခဲ တို့ကို ကောက်ယူ ကြ၏။

32ယေရှု ကလည်း၊ ငါသည် ငါ့ခမည်းတော် ၏အခွင့် နှင့် ကောင်း သောအမှု အများ တို့ကို သင် တို့အားပြ ပြီ။ ထိုအမှု တို့တွင် အဘယ် မည်သောအမှု ကြောင့် ငါ့ ကို ခဲ နှင့်ပစ်ကြမည်နည်း ဟု မေး တော်မူလျှင်၊

33ယုဒ လူတို့က၊ ကောင်း သောအမှု ကြောင့် ခဲနှင့်ပစ် မည်မ ဟုတ်။ သင် သည် လူ ဖြစ် လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူး သောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆို ကြ၏။

34ယေရှု ကလည်း၊ သင်တို့သည် ဘုရား ဖြစ် ကြ၏၊ ငါ ဆို သည်ဟု သင် တို့၏ ပညတ္တိ ကျမ်းစာ၌ လာ သည် မ ဟုတ် လော။

35ဘုရားသခင် ၏ဗျာဒိတ် တော်ကို ခံရသောသူ တို့ကို ဘုရား ဟူ၍ခေါ် ရလျှင် ၎င်း ၊ ကျမ်း စကားကို မ ပယ် ရ လျှင်၎င်း၊

36ခမည်းတော် သည်သန့်ရှင်း စေ၍ ၊ ဤလောက သို့ စေလွှတ် တော်မူသောသူ က၊ ငါသည်ဘုရားသခင် ၏ သား တော်ဖြစ် သည်ဟုဆို သောကြောင့် ၊ သင် သည် ဘုရားသခင်ကို လွန်ကျူး ၍ပြောသည်ဟု ထိုသူအား ဆို ရာ သလော။

37ငါသည် ငါ့ ခမည်းတော် ၏အမှု တို့ကို မ ပြု လျှင် ငါ့ ကိုမ ယုံ ကြနှင့်။

38ပြု လျှင်ငါ့ ကိုမ ယုံသော်လည်း ထိုအမှု တို့ကို ယုံ ကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း၊ ငါ သည်ခမည်းတော် ၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ် ကြလိမ့်မည် ဟု မိန့်တော်မူ၏။

39ထိုအခါ ကိုယ်တော် ကိုဘမ်းဆီး ခြင်းငှာတစ်ဖန် ရှာ ကြပြန်လျှင်၊ ထိုသူ တို့၏လက် မှ ထွက်ကြွ တော်မူ၏။

40ယောဟန် သည် ဗတ္တိဇံ ကို ရှေးဦးစွာ ပေးရာအရပ် ၊ ယော်ဒန် မြစ်တစ်ဘက် သို့ တစ်ဖန် ကြွ ၍ ထို အရပ်၌ နေ တော်မူ၏။

41လူအများ တို့သည် အထံ တော်သို့ ရောက်လာ လျှင် ၊ ယောဟန် သည် နိမိတ် လက္ခဏာကိုမ ပြ ။ သို့သော်လည်း ဤသူ ၏အကြောင်း ကို ယောဟန် ပြော သမျှ မှန် ပေ၏ဟု ဆို ကြသဖြင့်၊

42ထို အရပ်၌ လူများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။

← ရှင်ယောဟန်ခရစ်ဝင် 9Read In The App, Free →ရှင်ယောဟန်ခရစ်ဝင် 11 →

Study ရှင်ယောဟန်ခရစ်ဝင် 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021