ရှင်ယောဟန်ခရစ်ဝင် 10:27
ငါ့ သိုး တို့သည် ငါ့ စကား သံကိုနားထောင် ၍ ငါ့ နောက် သို့လိုက်ကြ၏။ ထိုသိုး တို့ကို ငါ သိ ၏။
မြန်မာကျမ်းစာ
In The King James Version
My sheep hear my voice, and I know them, and they follow me:
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 10
Cross References
1 Kings 18:21ဧလိယ သည် လူ များရှိရာသို့ လာ ၍ ၊ သင် တို့သည် ဘာသာ နှစ် ပါးစပ်ကြား မှာ အဘယ်မျှ ကာလ ပတ်လုံးယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရား သည် ဘုရားသခင် မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့။ ဗာလ သည် ဘုရားသခင်မှန်လျှင် ထို ဘုရားကို ဆည်းကပ် ကြလော့ဟုဆိုလျှင်၊ လူ များတို့ သည် တိတ်ဆိတ် စွာ နေကြ၏။
Matthew 16:24ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
Matthew 25:12အရှင် ကလည်း ၊ ငါအမှန် ဆို သည်ကား၊ သင် တို့ကို ငါမ သိ ဟု ပြန်ပြော လေ၏။
Mark 10:21ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
Luke 13:27သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊
John 8:12တဖန်တုံ ယေရှု က၊ ငါ သည် ဤလောက ၏အလင်း ဖြစ် ၏။ ငါ့ နောက်သို့ လိုက် သောသူ သည်မှောင်မိုက် ၌ မ သွား မလာ။ အသက် ၏အလင်း ကိုရ လိမ့်မည် ဟု မိန့် တော်မူ၏။