ရှင်ယောဟန်ခရစ်ဝင် 15:1
ငါ သည် မှန် သောစပျစ် နွယ်ပင်ဖြစ် ၏။ ငါ့ ခမည်းတော် သည်လည်း ဥယျာဉ်စောင့် ဖြစ် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
I am the true vine, and my Father is the husbandman.
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 15
Cross References
Genesis 49:10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
Song of Solomon 7:12နံနက် စောစောထ၍ စပျစ် ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှု ကြကုန်အံ့။ ထို အရပ်၌ ကျွန်မ ၏ မေတ္တာ ကို ကိုယ်တော် ၌ အပ်ပေး ပါမည်။
Isaiah 4:2ထို ကာလ ၌ ထာဝရဘုရား ၏အညွန့် သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ် သောဣသရေလ အမျိုးသားတို့အဘို့၊ မြေ အသီး အနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
Isaiah 27:2ထို ကာလ ၌ စပျစ် ဥယျာဉ်ကို အကြောင်း ပြု၍၊ ဤသို့သီချင်း ဆိုကြလော့။
Isaiah 61:3စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။
Jeremiah 12:10များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။