ရှင်ယောဟန်ခရစ်ဝင် 21:22
ယေရှု က၊ ငါကြွလာ သည်ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်း။ သင် မူကားငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
Jesus saith unto him, If I will that he tarry till I come, what is that to thee? follow thou me.
In Context
21သခင် ၊ ဤ သူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက် သော်၊
Read all of ရှင်ယောဟန်ခရစ်ဝင် 21
Cross References
Matthew 16:27လူ သား သည် မိမိ အဘ ခမည်းတော်၏ ဘုန်း အာနုဘော်ကိုဆောင်လျက်၊ ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ တော်မူလတံ့။ ထိုအခါ သူ အသီးသီး ကျင့်သောအကျင့် နှင့် အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
Matthew 24:27လျှပ်စစ် သည် အရှေ့ မှ ပြက် ၍အနောက် တိုင်အောင် ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် ကြွလာ တော်မူလတံ့ ။
Matthew 25:31လူ သား သည် မိမိ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်းသော ကောင်းကင် တမန်များ အခြံအရံ တို့နှင့်တကွ ကြွလာ တော်မူသောအခါ ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် ၍ ၊
John 21:19ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။
1 Corinthians 11:26အကြောင်းမူကား ၊ သင်တို့သည် ထို မုန့် ကိုစား ၍ ထို ခွက် ကို သောက် သောအခါ ခါ ၊ သခင် ဘုရားအသေခံ တော်မူခြင်းကို ကြွလာ တော် မ မူမှီတိုင်အောင်ပြ ကြ၏။
Revelation 1:7ကြည့်ရှု လော့။ မိုဃ်းတိမ် နှင့်တကွ ကြွလာ တော်မူသည်ဖြစ်၍ ၊ ကိုယ်တော် ကို ထိုးဖောက် သော သူ တို့နှင့် ရှိသမျှ သောသူတို့သည် ကိုယ်တော် ကို ရှုမြင် ရ ကြလိမ့်မည်။ မြေကြီး သားအမျိုးမျိုး ရှိသမျှ တို့သည် ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်းရကြလိမ့်မည်။ မှန် ပေ၏။ အာမင် ။