bible.software › ရှင်ယောဟန်ခရစ်ဝင် › ရှင်ယောဟန်ခရစ်ဝင် 21 › ရှင်ယောဟန်ခရစ်ဝင် 21:24
ရှင်ယောဟန်ခရစ်ဝင် 21:24
ထို တပည့် တော်ကား၊ ဤ အကြောင်း အရာတို့ကို သက်သေခံ ၍ ရေး ထားသောသူ ဖြစ် ၏။
မြန်မာကျမ်းစာ
In The King James Version
This is the disciple which testifieth of these things, and wrote these things: and we know that his testimony is true.
In Context
23ထို စကားတော်ကိုထောက် လျှင်၊ ညီအစ်ကို တို့က၊ ထို တပည့် တော်သည် မ သေ ရဟုအနှံ့အပြားပြောဆို ကြ၏။ သို့သော်လည်း ထိုသူ သည်မ သေ ရဟု ယေရှု မိန့် တော်မူသည်မ ဟုတ်။ ငါကြွလာ သည် ကာလတိုင်အောင် ထိုသူ ကိုနေ စေခြင်းငှာငါအလိုရှိ လျှင် သင် သည် အဘယ်သို့ ဆိုင်သနည်းဟု မိန့်တော်မူသတည်း။
25သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 21
Cross References
John 15:27သင် တို့သည်လည်း ရှေးဦးစွာ မှစ၍ ငါ နှင့်အတူ ရှိ နေသောကြောင့် သက်သေခံ ရကြလိမ့်မည်။
1 John 1:1ရှေ့ဦးစွာ ကပင် ဖြစ် ၍၊ ငါတို့သည် ကိုယ်တိုင်ကြား လျက်၊ ကိုယ် မျက်စိ နှင့် မြင် လျက်၊ စေ့စေ့ကြည့်ရှု ၍ လက် နှင့် စမ်းသပ် ခဲ့ပြီးသောအရာ တည်းဟူသောအသက် ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင် သောအရာကို သင်တို့အားပြသကြ၏။
3 John 1:12လူအပေါင်း တို့သည် ဒေမေတရိ ၏ သက်သေ ဖြစ်ကြ၏။ သမ္မာတရား သည်လည်း သူ ၏ သက်သေဖြစ်၏။ ငါ တို့သည်လည်း ထိုသူဘက်၌ သက်သေခံ ကြ၏။ ငါ တို့၏ သက်သေခံ ခြင်းသည် ဟုတ် မှန် သည်ကို သင်တို့ သိ ကြ၏။
This Verse In Other Editions
Study ရှင်ယောဟန်ခရစ်ဝင် 21:24