ရှင်ယောဟန်ခရစ်ဝင် 21:25
သူ ၏သက်သေခံ ချက်မှန် သည်ကို ငါတို့သိ ကြ၏။ ယေရှု ပြု တော်မူသော အခြား အမှုအရာအများ ရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေး ထားလျှင် ၊ မြေကြီး မ ဆံ့ နိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ် ခြင်းရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
24ထို တပည့် တော်ကား၊ ဤ အကြောင်း အရာတို့ကို သက်သေခံ ၍ ရေး ထားသောသူ ဖြစ် ၏။
Read all of ရှင်ယောဟန်ခရစ်ဝင် 21
Cross References
Psalms 40:5အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် တို့အဘို့ ပြု တော်မူသောအံ့ဩ ဘွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံ အစည်တို့သည် များ လှပါ၏။ ရှေ့ တော်၌ အစဉ်အတိုင်းလျှောက် ၍ မ ကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော် ကြားပြောမည်ဟုဆိုသော် ၊ ရေတွက် ၍ မကုန်နိုင်အောင် များ လှပါ၏။
Ecclesiastes 12:12တဖန်တုံ ၊ ငါ့ သား ၊ ထိုသို့သောစကားအားဖြင့်ဆုံးမ ခြင်းကိုခံ လော့။ စာ များကိုစီရင် ၍ မကုန်နိုင်။ စာကိုကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ် ကိုနှောင့်ရှက် သောအမှုဖြစ်၏။
Matthew 11:5မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
John 20:30ဤ ကျမ်းစာ ၌ ရေး ၍မ ထား သောအခြား နိမိတ် လက္ခဏာအများ တို့ကိုလည်း ယေရှု သည်တပည့် တော်တို့ မျက်မှောက် ၌ပြ တော်မူ၏။
Acts 20:3535ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊