ရှင်ယောဟန်ခရစ်ဝင် 3:17
လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 3
Cross References
Isaiah 49:6သင်သည် ယာကုပ် ၏ အမျိုးအနွယ် တို့ကို ချီးမြှောက် ခြင်း၊ ဘေးလွတ် သော ဣသရေလ သားတို့ကို အရင်ကဲ့သို့ဖြစ်စေခြင်းအလိုငှါသာ၊ ငါ့အမှုကို ဆောင်ရွက် သောအမှုသည် သာမညအမှုဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင်ငါ ၏ ကယ်တင်ခြင်းကို ပြု စိမ့်သောငှါ ၊ သင့် ကို တပါးအမျိုးသား တို့ လင်း စရာဘို့ ငါခန့် ထားသည်ဟု မိန့် တော်မူ၏။
Zechariah 9:9အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
Matthew 18:10သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။
Luke 2:10ကောင်းကင် တမန်ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိကြနှင့်။ လူ အပေါင်း တို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသတင်း ကို ငါသည်သင် တို့အား ကြားပြောရ၏။
Luke 19:10လူ သား သည် ပျောက် သောသူ တို့ကိုရှာ ၍ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။
John 5:36ယောဟန် ၏သက်သေထက်သာ၍ ကြီးသောသက်သေ သည် ငါ ၌ရှိ ၏။ အကြင်အမှု တို့ကို ငါပြီးစီး စေခြင်းငှာ ခမည်းတော် သည် ငါ့ လက်သို့ အပ်ပေး တော်မူ၍၊ ငါပြု သော ထို အမှု တို့သည်လည်း ငါ့ဘက်၌နေ၍၊ ခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူသည်အကြောင်း ကို သက်သေခံ ကြ၏။