ရှင်ယောဟန်ခရစ်ဝင် 8:21
တစ်ဖန် ယေရှုက၊ ငါ သည်သွား ရမည်။ သင်တို့သည်ငါ့ ကိုရှာ ကြလိမ့်မည်။ ကိုယ် အပြစ် ၌ လည်း သေ ကြ လိမ့်မည်။ ငါ သွား ရာအရပ် သို့ သင် တို့မ ရောက် နိုင် ကြ ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 8
Cross References
1 Kings 18:10ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် ကို ရှာ စေခြင်းငှါ အကျွန်ုပ် သခင် မ စေလွှတ် သော တိုင်း နိုင်ငံ တခုမျှ မ ရှိ ပါ။ တကျွန်းတနိုင်ငံသားက၊ ဧလိယမ ရှိပါဟု လျှောက် သောအခါ၊ ကိုယ်တော် ကို ရှာ ၍မ တွေ့နိုင်ဟု ထိုတိုင်း နိုင်ငံ သားတို့သည် အကျိန် ကိုခံရကြပါ၏။
Job 20:11သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။
Proverbs 11:7ဆိုး သောသူ သည် သေ သောအခါ မြော်လင့် ခြင်း ပျက် တတ်၏။ မတရားသောသူ၏တောင့်တ ခြင်းလည်း ပျက် တတ်၏။
Isaiah 65:20ထို မြို့၌ အသက်ငယ်သောသူငယ် မ ရှိ ရ။ အသက်မ ပြည့်စုံ သော လူအို လည်းမရှိရ။ အသက် တရာ ရှိလျက် သေ သောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ် ရှိသောသူသည် အသက် တရာ ရှိလျက်သေလျှင်၊ ကျိန် ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။
Matthew 23:39ငါဆို သည်ကား၊ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ သောသူ သည်မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီ တိုင်အောင်ယခု မှစ၍ သင်တို့သည်ငါ့ မျက်နှာကို မ မြင် ရကြ ဟု မိန့်တော်မူ၏။
Matthew 25:41ထိုအခါ လက်ဝဲ တော်ဘက် ၌ရှိသောသူ တို့အား မင်းကြီးက၊ ကျိန် ခြင်းကို ခံရသောသူ တို့၊ မာရ်နတ် နှင့် သူ ၏တမန် တို့အဘို့ ပြင်ဆင် သောထာဝရ မီး ထဲသို့ ငါ့ ထံမှ ခွာသွား ကြလော့။