The Bible Software
Jonah · မြန်မာကျမ်းစာ

Jonah 2

1ငါး ၏ဝမ်း ထဲမှာနေစဉ်တွင်၊ ယောန သည် မိမိ ဘုရား သခင် ထာဝရဘုရား ကို ဆုတောင်း သောစကားဟူမူကား ၊

2ငါသည် ဒုက္ခ ဆင်းရဲကို ခံရသောကြောင့်၊ ထာဝရဘုရား ကို ဟစ် ခေါ်၍ ငါ့ စကားကို ကြား တော်မူ၏။ မရဏာ နိုင်ငံ၏ ဝမ်း ထဲက ဟစ် ခေါ်သော စကား သံကို နားထောင် တော်မူ၏။

3ကိုယ်တော်သည် အကျွန်ုပ် ကို နက်နဲ သောအရပ်၊ သမုဒ္ဒရာ အလယ် ချက်ထဲ သို့ ချ ပစ်တော်မူသဖြင့် ၊ ပင်လယ် ရေသည် ဝိုင်း ၍ လှိုင်း တံပိုး တော်ရှိသမျှ တို့သည် လွှမ်း မွန်း ကြပါ၏။

4ထိုသို့ မျက်မှောက် တော်မှ နှင်ထုတ် ခြင်းကို ခံရသော်လည်း ၊ သန့်ရှင်း သောဗိမာန် တော်ကို မျက်မှောက် ပြု မြဲ ပြုပါမည်ဟု အောက်မေ့လျက်နေ၏။

5ရေ တို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှါ ဝိုင်း သဖြင့်၊ အကျွန်ုပ်သည် ပင်လယ် အလယ်၌ အချုပ် ခံရပါ၏။ ပင်လယ်မြက်ပင် သည် အကျွန်ုပ် ခေါင်း ကို ပေါင်းစည်း လျက်ရှိပါ၏။

6တောင် ခြေရင်း အမြစ်သို့ အကျွန်ုပ်ဆင်း ၍၊ မြေ ကန့်လန့်ကျင် အတွင်း၌ အစဉ် အမြဲပိတ်ထားသော်လည်း ၊ အကျွန်ုပ် ၏ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို ပျက်စီး ရာမှ ကယ်ဆယ် တော်မူလိမ့်မည်။

7အကျွန်ုပ် သည် စိတ်ပျက် သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ပဌနာ သည် သန့်ရှင်း သော ဗိမာန် တော်၌ ကိုယ်တော် ထံ သို့ဝင် ပါ၏။

8မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ တို့ ကရုဏာ ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။

9အကျွန်ုပ် မူကား ၊ ကျေးဇူး တော်ကို ချီးမွမ်းသော စကား နှင့် ကိုယ်တော် အား ယဇ် ပူဇော်ပါမည်။ သစ္စာ ဂတိ ထားသည်အတိုင်း သစ္စာဝတ် ကို ပြုပါမည်။ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါသည်ဟု ဆုတောင်းလေ၏။

10ထိုအခါ ငါး ကြီးသည် ထာဝရဘုရား ၏ အမိန့် တော်ကိုခံ ၍ ယောန ကို ကုန်း ပေါ် သို့ အန် လေ၏။

← Jonah 1Read In The App, Free →Jonah 3 →

Study Jonah 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234