Jonah 2:7
အကျွန်ုပ် သည် စိတ်ပျက် သောအခါ ထာဝရဘုရား ကို အောက်မေ့ ၍ ၊ အကျွန်ုပ် ၏ပဌနာ သည် သန့်ရှင်း သော ဗိမာန် တော်၌ ကိုယ်တော် ထံ သို့ဝင် ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
8မုသာ အနတ္တ ကို မှီဝဲ သောသူတို့သည် မိမိ တို့ ကရုဏာ ခံရာအကြောင်းကို စွန့်ပစ် ကြပါ၏။
Cross References
2 Chronicles 30:27ထိုအခါ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် ထ ၍ လူ များတို့ကို ကောင်းကြီး ပေးကြ၏။ သူ တို့စကား သံကို ဘုရားသခင်ကြား တော်မူ၏။ သန့်ရှင်း သော ကျိန်းဝပ် တော်မူရာ၊ ကောင်းကင် ဘုံသို့ ပဌနာ စကားတက် လေ၏။
Psalms 18:6ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ထာဝရဘုရား ကို ခေါ် ၍ ၊ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ် သောအသံ ကို ဗိမာန် တော်ထဲ မှာကြား တော်မူ၍ ၊ အော်ဟစ်သောအသံသည် နား တော်ထဲ သို့ ဝင် လေ၏။
Psalms 22:14အကျွန်ုပ်သည် ရေ ကဲ့သို့ သွန် ခြင်းကို ခံရ၍ ၊ အရိုး အဆစ်ရှိသမျှ တို့သည် ပြုတ် ကြပါ၏။ အကျွန်ုပ် နှလုံး သည် ဘယောင်း ကဲ့သို့ ဖြစ်၍ ၊ ရင် ထဲမှာ အရည် ကျိုလျက် ရှိပါ၏။
Psalms 42:5အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။
Psalms 43:5အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့် မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကို ကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သောဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာ ပြုရလေအံ့ သတည်း။
Psalms 77:10ထိုသို့ ဆိုသော်ငါသည် ကိုယ် မိုက် ကြောင်းကို ဝန်ခံ ရ၏။ ဤ အမှုကား၊ အမြင့်ဆုံး သော ဘုရား၏ လက်ျာ လက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။