ယောရှုမှတ်စာ 21:43
ထာဝရဘုရား ကလည်း ၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ရှိသမျှ ကို ဣသရေလ အမျိုးသားတို့အား ပေး တော်မူသဖြင့် ၊ သူတို့သည် သိမ်းယူ ၍ နေရာ ကျကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
42ထို မြို့ ရှိသမျှ တို့သည် ပတ်ဝန်းကျင် နယ် နှင့် ပြည့်စုံလျက်ရှိ သတည်း။
Cross References
Genesis 12:7ထာဝရဘုရား သည် အာဗြံ အား ထင်ရှား ၍ ၊ ဤ ပြည် ကို သင် ၏အမျိုး အနွယ်အား ငါပေး မည်ဟု မိန့် တော်မူ၏။ ထိုသို့ ထင်ရှား တော်မူသောထာဝရဘုရား ဘို့ ၊ ထို အရပ်၌၊ ယဇ် ပလ္လင်ကို တည် လေ၏။
Genesis 15:13ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
Genesis 28:4အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။
Exodus 3:8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Numbers 34:2သင် တို့သည် ခါနာန် ပြည် သို့ ရောက် ကြသောအခါ ၊ သင်တို့အမွေ ခံရ သော ခါနာန် ပြည်နယ် အပိုင်းအခြား ဟူမူကား၊
Deuteronomy 12:29သင် သွား ၍ ဝင်စား လတံ့သော ပြည်၌ရှိသောလူမျိုး တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ပယ်ရှင်း တော်မူသဖြင့်၊ သူ တို့နေရာပြည် ၌ သင်သည် ဝင်၍နေ သောအခါ၊