ရှင်ယုဒဩဝါဒစာ 1:6
ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 8:29ဘုရားသခင် ၏ သား တော်ယေရှု၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အချိန် မ ရောက်မှီ အကျွန်ုပ် တို့ကို ညှဉ်းဆဲ ခြင်းငှာကြွလာ တော်မူသလောဟု အော်ဟစ် ၍ လျှောက် ကြ၏။
John 8:44သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။
Hebrews 10:27ဒဏ် စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက် ဘွယ်သော မြော်လင့် ရသောအကြောင်း၊ ငြင်းဆန် သော သူတို့ကို ဖျက်ဆီး ဘို့ရာအမျက် တော် မီး လောင်ခြင်းကို ခံရ သောအကြောင်းရှိ၏
2 Peter 2:9ဘုရားဝတ်၌ မွေ့လျော် သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်းအထဲ က ကယ်နှုတ် ခြင်းငှာ၎င်း၊