ယေရမိမြည်တမ်းစကား 3:42
အကျွန်ုပ် တို့သည် ပြစ်မှား ပုန်ကန် မိပါပြီ။ ကိုယ်တော် သည် အပြစ် လွှတ်တော်မ မူပါ။
မြန်မာကျမ်းစာ
In The King James Version
We have transgressed and have rebelled: thou hast not pardoned.
In Context
41ကောင်းကင် ဘုံ၌ ရှိတော်မူသောဘုရား သခင့်ထံ တော်သို့ နှလုံး နှင့် လက် တို့ကို ချီကြွ ကြကုန်အံ့။
43အမျက် တော်ထွက်၍ မျက်နှာ လွှဲတော်မူ၏။ တဖန် အကျွန်ုပ် တို့ကိုလိုက် ၍ ကရုဏာ မ ရှိဘဲ ကွပ်မျက် တော်မူ၏။
Read all of ယေရမိမြည်တမ်းစကား 3
Cross References
2 Kings 24:4အသေ မခံထိုက်သောသူတို့ ကိုသတ် ၍ သူတို့ အသွေး နှင့် ယေရုရှလင် မြို့ကို ပြည့် စေသော အပြစ် များ ကို ထာဝရဘုရား သည် လွှတ် တော်မ မူ။ ယုဒ အမျိုးကို မျက်မှောက် တော်မှ ပယ်ရှား လိုသောငှါ စီရင် တော်မူသည် အတိုင်း သာ ထိုအမှုရောက် သတည်း
Nehemiah 9:26သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။
Jeremiah 3:13သင်သည် ငါ့ စကား ကို နား မ ထောင်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ၍ ၊ စိမ်း သော သစ်ပင် ရှိသမျှ အောက် ၌တွေ့သော ဧည့်သည် တို့နှင့် မှားယွင်း သော အပြစ် ရှိကြောင်းကို ဝန်ချ ရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
Lamentations 1:18ထာဝရဘုရား သည် တရား သဖြင့်စီရင် တော်မူ ၏။ ငါသည် ပညတ်တော်ကို လွန်ကျူး မိပြီ။ လူမျိုး ခပ်သိမ်း တို့၊ နားထောင် ၍ ငါ ၏ဒုက္ခ ကို ဆင်ခြင် ကြပါ လော့။ ငါ ၏လူပျို နှင့် အပျို တို့ကို သိမ်းသွား ကြပြီ။
Ezekiel 24:13သင် ၏အညစ်အကြေး ၌ အဓမ္မ အမှုပါ၏။ ငါဆေးကြော ၍ သင်သည်ဆေးကြော ခြင်းကို မ ခံသောကြောင့် ၊ ငါ ၏အမျက် အရှိန်သည် သင့် အပေါ်သို့ မ ရောက် မချင်းတိုင်အောင်၊ သင် ၏အညစ်အကြေး ကို မ ဆေးကြော ရ။
Daniel 9:8အိုဘုရား ရှင်၊ ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အကျွန်ုပ် တို့၏ရှင် ဘုရင်၊ မင်းသား ၊ အသက်ကြီးသူမှစ၍အကျွန်ုပ် တို့သည် မျက်နှာပျက် ခြင်းနှင့် ဆိုင်ကြပါ ၏။