ဝတ်ပြုရာကျမ်း 10:6
မောရှေ သည် အာရုန် နှင့် သူ ၏သား ဧလာဇာ နှင့် ဣသမာ တို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူ အပေါင်း တို့အပေါ် မှာ အမျက် တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ် ကို မ ဆုတ် နှင့်။ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှ တို့သည် ထာဝရဘုရား ပြု တော်မူသော မီးလောင် ခြင်းကိုသာ ငိုကြွေး မြည်တမ်းကြစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
5သူတို့သည် လာ ၍ အင်္ကျီ ဝတ်လျက်ရှိသောအသေကောင်ကို တပ် ပြင် သို့ ယူ သွားကြ၏။
Cross References
Exodus 6:23အာရုန် သည် အမိနဒပ် သမီး ၊ နာရှုန် နှမ ဧလိရှဘ နှင့် စုံဘက် ၍ ၊ သူသည်နာဒပ် ၊ အဘိဟု ၊ ဧလဇာ ၊ ဣသမာ တို့ကို ဘွား လေ၏။
Leviticus 13:45နူနာ စွဲသောသူသည် စုတ် သော အဝတ် ကို ဝတ် ရမည်။ ခေါင်း ကို မ ဖုံး၊ အထက် နှုတ်ခမ်းကို ဖုံး လျက် ၊ မ စင်ကြယ်၊ မ စင်ကြယ်ဟု ဟစ်ကြော် ရမည်။
Leviticus 21:10မိမိ အမျိုးသား ချင်းတို့တွင် ၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ ခန့်ထား၍ မိမိ ခေါင်း ပေါ် မှာ ဆီ လောင်း ခြင်း ဘိသိက်ကိုခံသော ယဇ်ပုရောဟိတ် မင်း သည်၊ မိမိ ခေါင်း ၌ တန်ဆာ ကို မ ချွတ် ရ။ မိမိ အဝတ် ကို မ ဆုတ် ရ။
Numbers 5:18ထိုမိန်းမ ကို ထာဝရဘုရား ရှေ့ တော်မှာထား ပြီးလျှင် ၊ ခေါင်း ၌ အချည်းစည်း ရှိစေ၍၊ မယားကိုမ ယုံခြင်းပူဇော်သက္ကာ တည်းဟူသော သတိပေး ရာပူဇော်သက္ကာကို မိန်းမ လက် ၌ ထည့် ရမည်။ ကျိန် ခြင်းဘေးကိုဖြစ်စေသော ရေ ခါး ကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင် ရမည်။
Numbers 14:6ခါနာန်ပြည် ကို စူးစမ်း သောလူစုထဲက နုန် ၏ သား ယောရှု ၊ ယေဖုန္နာ ၏သား ကာလတ် တို့သည် မိမိ တို့အဝတ် ကို ဆုတ် ၍ ၊
Numbers 16:41နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊ သင်တို့သည် ထာဝရဘုရား ၏လူ တို့ကိုသတ် ကြပြီဟုဆို လျက်၊ မောရှေ နှင့် အာရုန် တို့ကို အပြစ်တင် ၍ မြည်တမ်းကြ၏။