တောလည်ရာကျမ်း 5:18
ထိုမိန်းမ ကို ထာဝရဘုရား ရှေ့ တော်မှာထား ပြီးလျှင် ၊ ခေါင်း ၌ အချည်းစည်း ရှိစေ၍၊ မယားကိုမ ယုံခြင်းပူဇော်သက္ကာ တည်းဟူသော သတိပေး ရာပူဇော်သက္ကာကို မိန်းမ လက် ၌ ထည့် ရမည်။ ကျိန် ခြင်းဘေးကိုဖြစ်စေသော ရေ ခါး ကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 5:15ထိုမိန်းမ ပြုရသော ပူဇော်သက္ကာ ဘို့မုယော မုန့်တဩမဲ ပါလျက်၊ သူ့ကိုယဇ်ပုရောဟိတ် ထံသို့ ခေါ် သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီ ကိုမ လောင်း ရ။ လောဗန် ကိုမ တင် ရ။ မယားကိုမ ယုံခြင်းပူဇော်သက္ကာ ၊ အပြစ် ကိုဖေါ် တင်ရာပူဇော်သက္ကာ ဖြစ်၏။
Numbers 5:22ကျိန် ခြင်းဘေး ဖြစ်စေသော ဤ ရေ သည်သင် ၏ ဝမ်း ထဲသို့ ဝင် ၍ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ် သည် ကျိန် ခြင်းအကျိန် တိုက် လျှင် ၊ မိန်းမ က၊ အာမင် ၊ အာမင် ဟု ဝန်ခံ ရမည်။
Deuteronomy 29:18ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊
Proverbs 5:4အဆုံး ၌ကား ၊ သူ သည်ဘင်းခါးရွက် ကဲ့သို့ ခါး ၍၊ သန်လျက် နှင့်အမျှ ထက် ၏။
Isaiah 38:17အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။
1 Corinthians 11:6ထိုသို့ပြုလျှင်ဆံပင် ရိတ်သည်နှင့်တူ၏။ မိန်းမ သည် မိမိခေါင်းကို မ ဖုံး လျှင် ဆံပင်ကိုဖြတ် စေ။ ဆံပင်ဖြတ် ခြင်း၊ ဆံပင် ရိတ်ခြင်းအရာသည် ရှက် စရာရှိလျှင် ခေါင်းကိုဖုံး စေ။